Part.26

923 105 0
                                    

Unicode

"သွန်းရောက်နေတာလား!"

သွန်းပြန်မလို့လှမ်းနေတဲ့ခြေထောက်တွေကCEO
အသံကြားလိုက်တာကြောင့်အနောက်ကိုပြန်
လှည့်လိုက်ကာ

"ခဏလာတာပါCEO"

"ဒါဆိုလည်းအိမ်ထဲဝင်အုံးလေကွယ်..သမီးညီမ
ဆည်းဆာလေးအတွက်မင်္ဂလာကိစ္စဆွေးနွေး
မလို့လေ..ဝင်ပါအုံးလား"

သွန်းမချိပြုံးလေးပြုံးလိုက်ကာCEOနောက်က
နေလိုက်သွားမိသည်၊အနည်းဆုံးတော့နာကျင်ရင်
တောင်သွန်းကြည့်သွားချင်ပါသည်၊ချစ်ရသူနဲ့
ရွှေလက်တွဲရမဲ့သူကိုလည်းကြည့်သွားချင်ပါသေး
သည်၊ဘာလို့ဆိုသွန်းမပိုင်ဆိုင်နိုင်တဲ့ဆည်းဆာကို
ပိုင်ဆိုင်နိုင်တဲ့လူအားမနာလိုစိတ်လေးဖြစ်မိ‌လို့
ပင်။

အိမ်ထဲဝင်လာလိုက်တော့ပူတူးကဆိုဖာပေါ်မှာ
ထိုင်နေလေသည်၊မျက်နှာလေးကအရမ်းအား
နည်းနေသလားလို့၊သွန်းသက်ပြင်းကိုအသာချ
ကာဘေးမှာဝင်ထိုင်မိသည်၊ဆည်းဆာကမိဘ
ကျေးဇူးကိုထောက်ထားနေတဲ့သမီးလိမ္မာလေး
ပင်၊သွန်းကိုချစ်နေပါရက်နဲ့နှလုံးသားကိုမမြင်
ချင်ယောင်ဆောင်ထားနိုင်တဲ့သူ၊

"သမီးရုပ်ကိုပြင်စမ်း!ခဏနေလာတော့မှာလေ
ပြုံးပြုံးရွှင်ရွှင်နေစမ်းပါ!"

"ပြုံးရင်လည်းစိတ်ထဲကပါမှာမဟုတ်လို့အတု
ယောင်အပြုံးတွေလည်းပြုံးမနေချင်ပါဘူး
အဖေ"

သမီးဖြစ်သူကိုကြည့်ပြီးဦးမျိုးမာန်သက်ပြင်း
သာချမိသည်၊ကိုယ့်သမီးကောင်းဖို့စီစဉ်ထား
တာမလို့ရှေ့ဆက်လုပ်ဖို့သာရှိသည်။

"ကိုမျိုးမာန်ရယ်သမီးလေးရဲ့ဆန္ဒကိုလည်းထည့်
စဉ်းစားပါအုံး..အဲ့ကလေးမလေးကဘယ်လိုပဲ
ရဲရင့်ပါစေသမီးလေးကမချစ်ရင်တော့ရှေ့ဆက်
မတိုးစေချင်ဘူးရှင်"

ဆည်းဆာရဲ့အမေပြောလိုက်တဲ့စကားကြောင့်
သွန်းအံ့အားသင့်စွာမော့ကြည့်မိလိုက်သည်၊
ပူတူးနဲ့လက်ထပ်ပေးမဲ့သူကမိန်းကလေးလား၊
သွန်းထင်တာနဲ့အကုန်လွဲမှားနေလေသည်၊ဒါဆို
ပူတူးကမိန်းကလေးတစ်ယောက်နဲ့လက်ထပ်ရမှာ
ပေါ့၊သွန်းစိတ်ထဲမခံချင်စိတ်တွေကတရိပ်ရိပ်တိုး
လာခဲ့လေသည်၊မိန်းကလေးချင်းအတူတူပဲကို
သွန်းကဘာလို့လက်လွှတ်ရမည်နည်း၊သွန်းမှာ
လည်းကြိုးစားခွင့်တော့ရှိသေးတယ်မလား။

ရေသူမလေးရဲ့ချစ်သက်သေWhere stories live. Discover now