Part.38

1.2K 116 2
                                    

Unicode

  ..............(၅လကြာသောအခါ)..............

အပေါ်ထပ်ကနေဆင်းလာတဲ့သွန်းရဲ့မျက်နှာထား
ကအရင်ကအတိုင်းတည်ကြည်လေးနက်နေတုန်း
ပင်၊သို့ပေမဲ့အရင်နဲ့မတူတော့တာကဗိုက်ပေ၊
၇လကျော်သွားပြီမို့ဗိုက်လေးကတော်တော်ပူနေ
လေသည်၊ဆည်းဆာဘယ်ရောက်သွားလည်း
မမေးနဲ့..အိမ်အကူတွေအကုန်လုံးကိုခြံထဲခေါ်
ကာစာလိုက်ဆိုခိုင်းနေသည်၊ဒါဟာဒီရက်ပိုင်း
ထူးခြားနေတာတော့မဟုတ်၊ဗိုက်ကသွန်းဆီမှာ
ရှိနေတာပဲကံကောင်းတယ်ပြောရမည်၊‌ပူတူး
ဆီမှာသာရှိနေရင်အဲ့လိုအငြိမ်မနေပုံနဲ့တော့
တစ်ခုခုဖြစ်သွားမှာအသေအချာပေ၊ကလေးရဲ့
စရိုက်ကအမေဆီမှာလာပေါ်နေလားတော့မသိ
ပါ၊ဒီရက်ပိုင်းဒေါ်ဆည်းဆာရောင်ခြည်တို့ဆရာ
လုပ်လိုက်တာလည်းလွန်ရော၊စာသင်ချင်တယ်
ဆိုလို့အိမ်က..အိမ်အကူတွေကိုထည့်ပေးလိုက်
ရတာပင်၊အပေါက်ဝကနေခြံထဲကိုလှမ်းကြည့်
နေမိသည်၊ကလေးခြေကျင်းတက်တာကပူတူး
ဆီမှာဖြစ်နေတာမို့အမေကပူတူးစားချင်တာ
မှန်သမျှဝယ်ပေးလေသည်၊

သွန်းကတော့ပျော်နေပါသည်၊ဘာလို့ဆိုသွန်း
ဗိုက်ထဲကမမွေးသေးတဲ့ကလေးလေးကိုလည်း
စောင့်ရှောက်ရတယ်..ပူတူးကိုလည်းဂရုစိုက်ရ
တယ်လေ၊ဒါကအိမ်ထောင်ဦးစီး‌တစ်ယောက်နဲ့
မခြားတာမို့သွန်းဂုဏ်ယူလို့မဆုံးပေ၊ပူတူးက
အခုနောက်ပိုင်းကလေးပိုဆန်လာကာဒေါသ
လည်းကြီးတက်သည်၊ဗိုက်ထဲက..ကလေးဟာ
ဒေါသကြီးလို့များပူတူးကအဲ့ပုံစံဖြစ်နေသလား၊
တစ်ခါတစ်ခါသွန်းကိုလာပြီးဆရာလုပ်တက်
တာကပါသေးသည်၊

ဆံပင်စိမ်းပြာရောင်လေးကအရင်ကခါးလောက်
ဆိုပေမဲ့အခုတော့တင်ပါးဖုံးရုံလောက်ရှိနေလေ
ပြီ၊မျက်နှာနုနုလေးကနေရောင်အောက်မှာ
အနုစိတ်ကအစသေသေချာမြင်နေရလေသည်၊
သူစိတ်ပျော်ရင်မျက်လုံးပြာလေးတွေပိတ်ကျ
သွားပြီးပါးချိုင့်လေးတွေပေါ်အောင်ပြုံးနေတက်
သည်၊မီးခိုးရောင်ဘောင်းဘီတိုလေးကိုအောက်
ဖျားဘက်ကအမဲရောက်အကွတ်လေးတွေ
ချုပ်ထားတာကြောင့်ပေါင်းဖွေးဖွေးလေးတွေ
ကအထင်းသား၊သွန်းရဲ့အင်္ကျီမိုးပြာရောင်လေး
ကိုဝတ်ထားတာကြောင့်'ကပိုကရို'လေးနဲ့
ချစ်စရာအတိ၊

ရေသူမလေးရဲ့ချစ်သက်သေWhere stories live. Discover now