Part.31

1.1K 108 1
                                    

Unicode

ဒေါက်..ဒေါက်

"ကျွီ"

"ဪ..ဆည်းဆာဝင်လေ"

"မမ'မနိုးသေးဘူးလားအစ်မလက်ပန်"

"သူလားဒီအချိန်ထမှာ..အခုချိန်ဆိုရင်အိမ်မက်
ကမ္ဘာထဲခြေဆန့်တုန်း..မင်းလာတာလည်း
ကောင်းတာပေါ့..ဝင်သွားလေ'ပန်'ထမင်းကြော်
လိုက်အုံးမယ်"

"အင်း"

ဆည်းဆာတို့မနေ့ကပန်းခင်းထဲကနေပြန်ရောက်
တော့လက်ပန်ကမင်္ဂလာဝတ်စုံသွားယူမှာကို
သွန်းကိုပါခေါ်လာခဲ့တာပင်၊ဟိုရောက်မှသိလိုက်
ရတာကအင်္ကျီတွေကိုသွန်းနဲ့ဆည်းဆာရဲ့အတိုင်း
နဲ့သေချာချုပ်ခိုင်းထားသည်တဲ့၊အဲ့လိုအသေး
စိတ်ကအစလိုက်ကူညီ‌ပေးမယ်လို့ဆည်းဆာ
လုံးဝမထင်မိခဲ့ပေ၊

"အစ်မလက်ပန်..'မမ'အခန်းက"

"ဪ..ဟိုမှာလေ..တံခါးအဝါနဲ့ဟာအဲ့ဒါပဲ"

"ကျေးဇူးပဲနော်"

ဆည်းဆာပြောတာကိုအစ်မလက်ပန်ကမလိုဘူး
ဆိုတဲ့ပုံစံနဲ့လက်ခါပြကာမီးဖိုချောင်ထဲဝင်သွား
တာကြောင့်ဆည်းဆာလည်း'မမ'အခန်းထဲကို
သာဝင်လာလိုက်သည်။

တံခါးဖွင့်ပြီးဝင်လာတော့ကုတင်ပေါ်မှာအိပ်ပျော်
နေလိုက်တာများအေးအေးချမ်းချမ်းပင်၊
ဆည်းဆာကုတင်ဘေးမှာထိုင်ချလိုက်ပြီး

"မမ'..မမရေ!!ထတော့လေ"

"ဟင်း!"

အသက်ရှူသံခပ်ပြင်းပြင်းကိုကြားလိုက်ရတာ
ကြောင့်ဆည်းဆာ..သွန်းနဖူးကိုစမ်းကြည့်တော့
ကိုယ်ပူနေတာကြောင့်ဖျားနေမှန်းသိလိုက်ပါသည်

"မမ..ထပါအုံး!!မမရေ!"

"ဟင်..ပူတူး"

မျက်‌လွှာတွေဖွင့်လိုက်မှအထဲမှာနီရဲနေတဲ့
မျက်လုံးတွေကို‌ဆည်းဆာမြင်ရသည်၊သက်ပြင်း
ချလိုက်မိပြီးသွန်းရဲ့ပုခုံးကိုဖိဆုပ်လိုက်တော့

"အား!"

ဆည်းဆာလက်ကိုအမြန်ပြန်ဖယ်လိုက်ပြီးသွန်း
ကိုကြည့်‌လိုက်တော့မျက်လုံးတွေကဂနာမငြိမ်
ဖြစ်နေလေသည်၊

"လန့်ပြီးအော်လိုက်တာပါပူတူးရဲ့"

"ဪ"

သွန်းရဲ့အင်္ကျီကိုပုခုံးအပေါ်လှန်တင်လိုက်
တော့အညိုအမည်းထနေတာမြင်လိုက်ရပြီး
အနာတွေကရင်းနေလေသည်၊

ရေသူမလေးရဲ့ချစ်သက်သေWhere stories live. Discover now