Part.7

1.1K 135 0
                                    

Unicode

ကုတင်ခေါင်းရင်းကိုမှီပြီးထိုင်နေတဲ့ရောင်ခြည့်ရဲ့
လက်တွေထဲမှာခေါင်းအုံးအိအိလေးကိုပိုက်ထား
သေးသည်၊တစ်နည်းပြောရရင်သူအတွေးလွန်နေ
ပါတယ်ပေါ့နော်၊ရွယ်ဇင်ရောဦးတည်ပါအိမ်ကို
ရောက်နေကြတာပင်၊ယောက်ျားလေး
တစ်ယောက်မိန်းကလေးအခန်းထဲဝင်တာမသင့်
တော်ပေမဲ့ဦးတည်နဲ့ဒီအိမ်ကဆွေမျိုးအရင်းတွေ
လိုဖြစ်နေတာမို့ကိစ္စမရှိ။

ခေါင်းအုံးကိုပိုက်ပြီးအတွေးနယ်လွန်နေတဲ့
ရောင်ခြည့်ကိုဦးတည်ပေစောင်းစောင်းသာကြည့်
လိုက်သည်၊မနက်ထဲကဖြစ်နေတာအဲ့အခွက်က
ဘာမှလည်းမေးမရဘူး။

"ရောင်ခြည်"

ဦးတည်ခေါ်လိုက်တော့

"ဟမ်..ဘာကြီးလဲ"

"ဘာတွေအဲ့လောက်စဉ်းစားနေတာလဲ"

"အရေးမကြီးပါဘူးဟာ"

ရောင်ခြည်ရဲ့အဖြေကြောင့်ရွယ်ဇင်ကထပြီး

"နင့်အကြောင်းကိုအူမချေးခါးကအစအကုန်သိ
တယ်နော်..အရေးမကြီးရင်နင်ခေါင်းထဲတောင်
ထည့်တာမဟုတ်ဘူး..ပြောစမ်းပါဘာဖြစ်နေတာ
လဲလျှို့ဝှက်‌မနေနဲ့!"

"ရွယ်ဇင်နင်နဲ့ငါနဲ့ကဒီပုတ်ထဲကဒီပဲ..အတူတူတွေ
ကြီးပဲနော်..ဘူဘူချင်းတစ်လာမလုပ်နဲ့"

ရွယ်ဇင်ဆိုတဲ့ဟာမသူလည်းအတူတူနဲ့အနူနူကို
သူများကိစ္စကျမှသိချင်နေတာမျက်ခွက်ကြီးကို
ဖြဲလို့၊

"စကားလမ်းကြောင်းမလွှဲနဲ့ရောင်ခြည်ဖြေငါမေး
တာကို"

ဦးတည်ကထပ်ကာမေးလာပြီမို့ရောင်ခြည်လည်း
ငြင်းနေလို့မရတော့ပေ။

"လူတစ်ယောက်ကိုရင်ခုန်‌နေမိလို့"

"ဪ..ဘာများထူးဆန်းတာကျနေတာပဲ"

"ဒါပေမဲ့သူကမိန်းကလေးတစ်ယောက်"

"ဟမ်!"

"ဘယ်လို!"

ရောင်ခြည်ထပ်ပြောတဲ့စကားကြောင့်ထိုနှစ်
ယောက်မှာတဟင်ဟင်တဟာဟာတွေဖြစ်ကုန်
ကြလေတော့သည်၊အဲ့ဒါပြောတာပြောပြတော့
လည်းမလောက်လေးမလောက်စားအဆင့်တွေ
မို့လို့မပြောချင်တာ..

ရေသူမလေးရဲ့ချစ်သက်သေWhere stories live. Discover now