Part.33

1.1K 111 6
                                    

Unicode

သွန်းမနက်စောစောထကာအိမ်ကိုပြန်လာလိုက်
သည်၊ကားကိုတော့ဖြည်းဖြည်းသာမောင်းနေမိ
သည်၊အိမ်ပြန်ရောက်ရင်ဘာတွေဖြစ်နေမလဲ
မသိနိုင်ပေ၊သွန်းကိုဘယ်သူမှနားလည်နိုင်မှာ
မဟုတ်ပေ၊လူတွေမြင်ရင်သွန်းကိုကလေးမွေး
လိုက်ရင်ပြီးနေတာကိုကြီးကြီးကျယ်ကျယ်တွေ
လုပ်နေတယ်လို့ထင်ကြပေအုံးမည်၊သွန်းအနေနဲ့
မိန်းမတစ်ယောက်မို့တစ်ချိန်လင်ယူသားမွေးလုပ်
ရမယ်ဆိုတာသိပါသည်၊သို့ပေမဲ့သွန်းယူထားတာ
ယောက်ျားတစ်ယောက်မဟုတ်ပေ..မိန်းမ.သွန်းနဲ့
လက်ထပ်ထားတာမိန်းမတစ်ယောက်ပေ၊

ဒါ့အပြင်ဆည်းဆာဆိုတဲ့မိန်းကလေးဆိုးချင်တိုင်း
ဆိုးနေတာကိုအလိုလိုက်အကြိုက်ဆောင်ပေနေ
တာသွန်းပေ၊ဆည်းဆာနဲ့လက်ထပ်ပြီးထဲက
သွန်းကိုယ်သွန်းအိမ်ထောင်ဦးစီးတစ်ယောက်လို့
သတ်မှတ်ထားခဲ့တာ၊ဒါကြောင့်မို့လည်းသွန်း
အိမ်ထောင်ဦးစီးတစ်ယောက်လိုအရာရာမှာ
သေချာကိုင်တွယ်ဖြည်ရှင်းနိုင်ခဲ့သည်၊

အခုဟာကပူတူးကိုအလိုလိုက်နေတဲ့သွန်း၊ပူတူး
ဆိုးချင်သလိုဆိုးနေတာကိုလက်ပိုက်ကြည့်ပြီး
ချစ်မဝဖြစ်နေခဲ့ရတာကသွန်း၊ပူတူးချွဲချင်သလို
ချွဲနေခဲ့တဲ့သွန်းကဘယ်လိုလုပ်ပြီးကိုယ်ဝန်ဆောင်
ရမည်နည်း၊သွန်းတွေးကြည့်လို့ပင်မရပါ။

သွန်းကိုမည်သူနားလည်မည်နည်း၊
နားလည်အောင်လည်းသွန်းရှင်းမပြတက်ဘူး၊
သွန်းကကိုယ်ဝန်ကြီးနဲ့ပဲထားတော့..အရင်ကသွန်း
အလိုလိုက်ဂရုစိုက်ပေးခဲ့တဲ့ပူတူးကဗိုက်ကြီးနဲ့
သွန်းကိုပြန်စောင့်ရှောက်နေရမှာ၊သွန်းအဲ့ဒါကို
အဖြစ်မခံနိုင်တာပင်၊သွန်းပဲအလိုလိုက်ချင်တယ်
သွန်းပဲဂရုစိုက်ချင်တယ်..ပူတူးကိုသွန်းမျက်လုံး
ထဲမှာကလေးလေးတစ်ယောက်လိုအမြဲတမ်း
ထွေးပွေ့ပေးထားချင်တာ၊အခုတော့ထိုကလေး
ဆန်တဲ့ပူတူးကဗိုက်ကြီးနဲ့သွန်းကိုပြန်ပြီးဂရုစိုက်
ရမည်တဲ့၊

"တောက်!!"

သွန်းဘေးကနေကြည့်နေကြတဲ့လက်ပန်နဲ့ရွယ်ဇင်
တောင်သွန်းအကျင့်ကိုသိနေကြမှာပင်၊ပူတူးရဲ့
အစစအရာရာကိုသွန်းသာစီစဉ်ခဲ့သည်၊ညအိပ်
လို့ပူတူးအိပ်မပျော်ရင်ပေါင်ရင်းလေးကနေပွေ့
ချီပြီးပုခုံးပေါ်ခေါင်းမှီစေကာအခန်းတွင်းတစ်ည
လုံးလျှောက်ပြီးလုပ်ပေးခဲ့တာတွေ၊မနက်မထချင်
ဘူးဆိုလို့ချီပိုးပြီးသန့်ရှင်းရေးလုပ်ပေးရတာတွေ
ကသွန်းဟာဦးဆောင်သူတစ်ဦးလို့အော်ပြောနေ
သလိုသေချာလှသည်၊သွန်းလည်းသွန်းတို့
နှစ်ယောက်ရဲ့သွေးသားစစ်စစ်လေးကိုလိုချင်တာ
ပေါ့၊ပူတူးကိုယ်ဝန်ဆောင်ရင်သွန်းကအပျော်ကြီး
ပျော်ကာဂရုစိုက်ပေးလိုက်မဲ့ဖြစ်ခြင်း။

ရေသူမလေးရဲ့ချစ်သက်သေWhere stories live. Discover now