Part.16

885 103 0
                                    

Unicode

မနေ့ကခရီးပန်းလာတာကြောင့်ညစာကိုအပေါ်မှာ
ယူခိုင်းလိုက်ကာဆည်းဆာကိုကျွေးလိုက်ပြီး
ဂရုတစိုက်အိပ်စေသည်၊အခုဆိုမယုံကြည်ရဆုံး
နဲ့ကြောက်စရာအကောင်းဆုံးသူကအိမ်မှာပဲရှိနေ
တာမို့သွန်းသတိထားပြီးနေရသည်၊အစစအရာ
ရာဆည်းဆာကိုဂရုတစိုက်ကြည့်နေရတာမို့
လက်ပန်နဲ့နီးစပ်ခွင့်တော့မရပေ၊

အိပ်ပျော်နေသူလေးရဲ့ပါးလေးကိုဖြည်းဖြည်း
လေးနမ်းလိုက်ကာသွန်းရေချိုးခန်းထဲဝင်လာ
လိုက်သည်၊ရေအေးအေးလေးနဲ့ချိုးလိုက်တော့
လူကလန်းဆန်းသွားတာကြောင့်ခေါင်းကိုကြည်
လို့၊အပြင်ပြန်ထွက်လာတော့အိပ်ရာပေါ်မှာ
ငုတ်တုတ်ထိုင်နေတဲ့ဆည်းဆာကမျက်လုံးမပွင့်
သေး၊နှုတ်ခမ်းလေးကလည်းပွစိပွစိနဲ့ဘာတွေ
ရွတ်နေမှန်းမသိ၊သွန်းအသည်းယားစွာကြည့်နေ
တုန်းဆည်းဆာကမျက်လုံးတွေကိုဖိပွတ်နေတာ
ကြောင့်အမြန်ပြေးသွားပြီးလက်ကိုဆွဲထားလိုက်
ရသည်။

"ပူတူးကကွာ..ဘာလို့အဲ့လိုပွတ်တာတုန်းမျက်လုံး
တွေကိုမပွတ်ရဘူး"

"ယားလို့"

"မမလုပ်ပေးမယ်"

ငိုမဲ့မဲ့လေးနဲ့ပြောနေပေမဲ့အခုထိမျက်လုံးကမဖွင့်
သေး၊သွန်း..ဆည်းဆာလက်တွေကိုဆွဲထားလိုက်
ပြီးမျက်လုံးနားလေးတွေကိုဖြည်းဖြည်းလေး
လိုက်ပွတ်ပေးပြီးဆည်းဆာကိုခေါ်ကာ‌သန့်ရှင်း
ရေးလုပ်ပေးလိုက်ရတဲ့အဖြစ်၊သွန်းနဲ့ရှိနေတုန်း
တစ်ခါတည်းရေချိုးစေကာအခန်းပြင်ကိုထွက်
ပေးနေလိုက်သည်၊တစ်ပတ်တစ်ခါပင်လယ်စပ်
ကိုလိုက်ပို့ပေးမယ်လို့ဆုံးဖြတ်ထားသည်၊
အနည်းဆုံးတော့ဆည်းဆာနေရမခက်တော့ဘူး
ပေါ့၊

ရေချိုးခန်းတံခါးကိုဖွင့်လိုက်ပြီးအဖြူရောင်ပုဝါစကိုလှမ်းပစ်ပေးလိုက်ကာ

"ရေခြောက်သွားရင်အဲ့ဒါလေးပက်လိုက်နော်"

"ဟုတ်"

ပြောရင်လည်းစကားနားထောင်တာကြောင့်
သွန်းမှာချစ်မဝပေ၊ခဏကြာတော့အဆင်ပြေ
သွားပြီထင်ပါ့..ခြေထောက်ဖွေးဖွေးလေးထွက်
လာပြီးသွန်းပေးထားတဲ့ပုဝါကိုပက်ထားလေ
သည်၊လက်လေးတွေကို‌ဆွဲယူကာ

ရေသူမလေးရဲ့ချစ်သက်သေWhere stories live. Discover now