Part.36

1.1K 117 0
                                    

Unicode

"ပျိုနုရွယ်ဇင်!!"

"ဖေဖေ!"

လက်ပန်နဲ့အတူလျှောက်လည်ဖို့လာရင်း
ပလက်ဖောင်းပေါ်စရင်းနဲ့နောက်ရင်းနဲ့အစ်မကို
သွားစမိတော့ရွယ်ဇင့်ကိုဆွဲဖက်ကာနမ်းနေချိန်
ဘေးမှာကားရပ်ပြီးဆင်းလာတဲ့အဖေဖြစ်သူ
ကြောင့်ရွယ်ဇင့်သွေးခုန်နှုန်းတွေဒိန်းကနဲဆောင့်
တက်သွားကာစိုးရိမ်မှုများကတရိပ်ရိပ်နဲ့ထိုး
တက်လာလေတော့သည်။

"ဖေဖေ!"

"နင်လာစမ်း!!နင့်မှာအရှက်တရားမရှိဘူးလား"

"ဟင့်..ဖေဖေသမီးရှင်းပြ"

"ဖြောင်း!"

လက်ပန်ပါးပေါ်ကိုကျလာတဲ့လက်ကြောင့်ခေါင်း
တောင်လည်ထွက်သွာတာမို့နည်းတဲ့အားတော့
မဟုတ်ပေ၊နှုတ်ခမ်းထောင့်မှသွေးတို့ထွက်လာ
လေတော့ရွယ်ဇင်ကတဟင့်ဟင့်ရှိုက်ငိုရင်း
လက်ပန်ရှေ့မှကာရပ်ပေးလေသည်။

"နင်ဖယ်စမ်း!!ပျိုနုရွယ်ဇင်!!သမီးမိုက်!ဖယ်စမ်း"

ရွယ်ဇင့်ကိုဘေးသို့ဆောင့်ဆွဲကာလက်ပန်ကို
စူးစူးရဲရဲစိုက်ကြည့်ပြီး

"ငါ့သမီးကိုပိုက်ဆံကြောင့်လာပတ်သက်နေတာ
ဆိုလည်းအခုရပ်လိုက်တော့!!အောက်တန်းစား
ကများကိုယ်နဲ့အတန်မရာကိုမှန်းရဲတယ်!!"

"ဖေဖေ့မပြောပါနဲ့..အဲ့လိုမဟုတ်ဘူး..အစ်မက
ပျို့ကိုတစ်ကယ်ချစ်တာ"

"ပါးစပ်ပိတ်ထားစမ်း!!"

ရွယ်ဇင့်ကိုရိုက်ဖို့လက်မြှောက်လိုက်တဲ့အဖေ့
ကြောင့်မျက်စိတို့ကိုမှိတ်ချလိုက်ပေမဲ့အတော်
ကြာတဲ့အထိဘာနာကျင်မှုမှရောက်မလာခဲ့ပေ၊

"သူ့ကိုမထိနဲ့"

လက်ပန်ရဲ့အပိုအလိုမရှိတည်ငြိမ်နေတဲ့အသံက
ဒေါသကိုလျှော့ချထားပုံပင်၊ရွယ်ဇင့်ကိုရိုက်ဖို့
လုပ်နေတဲ့ဖေဖေ့ရဲ့လက်ကိုအစ်မကဖမ်းထား
လိုက်တာကြောင့်ရွယ်ဇင်အရိုက်မခံလိုက်ရပေ၊

"သူကငါ့သမီး!!မင်းလို့ကိုယ့်အဆင့်အတန်းကိုယ်
မသိတဲ့အောက်တန်းစားတစ်ယောက်ရဲ့လက်နဲ့
ငါ့ကိုမကိုင်နဲ့!!"

ရေသူမလေးရဲ့ချစ်သက်သေWhere stories live. Discover now