Part.42

1.2K 103 5
                                    

Unicode

"အဲ့ဂျာချိုရင်..တီတီကျိုနဲ့တီတီချားကအရမ်း
ရှစ်တာပေါ့..ဟုတ်ရား"

"အင်းပေါ့ငယ်လေးရဲ့..အရမ်းချစ်ကြတာ"

သွန်းတို့အိမ်သွားကာလဝန်းငယ်ကိုခေါ်လာတဲ့
အကျိုးကျေးဇူးကအခုတော့တစ်နေ့လုံးမေး
သမျှဒိုင်ခံဖြေနေရလေသည်၊ရွယ်ဇင်ကကုတင်
ပေါ်မှာထိုင်ပြီးနွေလဝန်းငယ်မေးသမျှကိုသေချာ
ဖြေပေးနေလေသည်၊အဲ့ကလေးက၃နှစ်ကျော်
မလို့ပဲ၅နှစ်လောက်သာဆိုရင်လက်ပန်နဲ့ရွယ်ဇင်
ကိုရောင်းစားလောက်သည်။

"ဒါချိုရင်‌..မာညီနဲ့မေမေကရောအရမ်းရှစ်ကြ
ရားဟင်"

"ချစ်တာပေါ့..သမီးမာမီနဲ့မေမေကတစ်ကယ်
ရာဇဝင်တွင်မဲ့အချစ်မျိုးနဲ့ချစ်ခဲ့ကြတာ"

"ရာဂျဝင်ကဘာရဲဟင်"

"ရာဇဝင်ဆိုတာက.........တီတီပျိုလည်းမသိဘူး
ကလေးရဲ့..တီတီထားကိုမေးကြည့်"

ရွယ်ဇင်ရဲ့စကားအဆုံးလဝန်းလေးရဲ့မျက်လုံး
ညိုလေးတွေကကုတင်ဘေးကခုံမှာထိုင်နေတဲ့
လက်ပန်ဆီကိုရောက်လာလေသည်၊လက်ပန်က
ပြောစေ'ဆိုတဲ့သဘောနဲ့ခပ်ပြုံးပြုံးလေးကြည့်
ပေးလိုက်တော့၃နှစ်ကျော်သမီးလေးကပါးပေါ်
ကပါးချိုင့်လေးနှစ်ဖက်ပေါ်အောင်ရယ်ပြီး

"တီတီချားရေ..နယ့်ကိုရာဂျဝင်ကျောကြပါရား
ဟင်"

"ငယ်လေးကဘာလို့သိချင်တာလဲပြောပါအုံး"

"နယ်ကိုကျောကြနော်..နော်ယို့..တီတီချား"

လက်ပန်ပေါင်ပေါ်တက်လာပြီးလက်မောင်းကို
ခိုတွဲကာဂျီကျနေတဲ့ဆည်းဆာနှစ်ကိုယ်ခွဲလေး
ကိုရွယ်ဇင်ကတော့ပြုံးပြုံးလေးကြည့်နေလေ
သည်၊ပြုတ်ကျသွားမှာမို့ဖင်လုံးလုံးလေးတွေ
ကနေထိန်းကိုင်ပေးထားလိုက်ပြီး

"တီတီထားကိုပြောပြစေချင်ရင်အလကားတော့
ဘယ်ရမလဲ"

"အရကားမရဝူးရား"

"အင်းမရဘူး..တန်ရာတန်ကြေးပေးရမယ်"

"မွ..မွ..ရဝါးပီ"

အလိုက်သိတဲ့လဝန်းငယ်ကလက်ပန်ပါးနှစ်ဖက်
ကိုတစ်လှည့်ဆီနမ်းပြီးမျက်လုံးဝိုင်းလေးတွေနဲ့
အဖြေကိုစောင့်နေလေသည်၊

ရေသူမလေးရဲ့ချစ်သက်သေWhere stories live. Discover now