Part.2

1.3K 139 4
                                    

Unicode

~ဆံပင်တစ်ချောင်းကိုလက်တစ်စုံနှင့်ထိမိရင်~
~အရာအားလုံးအနှေးနဲ့အမြန်မှတ်မိချိန်တန်ပြီ~

💛💛💛💛💛~~1994ခုနှစ်~~💛💛💛💛💛

-နတ်မိမယ်လေး..ဟုတ်တယ်အရမ်းလှတဲ့
နတ်မိမယ်လေးတစ်ပါးမြင်လိုက်ရသလိုပဲ-

တုန်တုန်ချိချိနဲ့တစ်လှမ်းချင်းလာနေတဲ့ပုံရိပ်ငယ်
လေးရဲ့မျက်ဝန်းလေးတွေကအပြာရောင်လေး
တွေ၊ဟုတ်တာပေါ့ကောင်းကင်လိုပြာလဲ့လဲ့သန်း
နေပြီးရေပြင်လိုကြည်လင်နေတဲ့မျက်လုံးပြာလေးတွေနဲ့ပါ၊ထိုမျက်ဝန်းလေးတွေကစိုစွတ်နေတဲ့နှင်းခဲလေးတွေကြားမှာဖန်ဂေါ်လီလုံးလေး
ထည့်ထားသလို၊အဖြူရောင်အကာအရံတွေ
ကြားမှာအပြာရောင်မျက်လုံးလှလှလေးတွေ။
ပြီးတော့ဆံပင်.အဲ့ဒီ့ခါးလောက်ရှိတဲ့ဆံပင်စိမ်းပြာ
ရောင်လေးတွေကအစစ်မှဟုတ်ရဲ့လား၊မျက်နှာ
နုနုလေးထက်မှာကပိုကရိုကျနေပေမဲ့အလှတရား
ကကွယ်ပျောက်မသွားပေ။

"မင်း..မင်းဒီကိုဘယ်လိုရောက်နေတာလဲ"

"........."

တုန့်ပြန်သံလည်းမရှိသလိုဖြေကြားမှုလည်းမရှ်ိ၊
ထို့အပြင်မျက်လုံးလေးတွေကပါနားမလည်သလို
ပုတ်ခတ်ပုတ်ခတ်လုပ်နေသေးသည်။ဘာလဲ
သူ့ပုံစံကြည့်ရတာမြန်မာလူမျိုးတော့ဟုတ်ပုံမရ
ဘူး..ငါ့ဘာသာစကားကိုနားမလည်တာလား။

"What is you name"

"......."

ထိုသို့ပြောတော့လဲနားမလည်သလိုခေါင်းလေး
စောင်းပြီးလိုက်ကြည့်နေလေသည်၊အင်္ဂလိပ်လူမျိုးမဟုတ်ပြန်ဘူးလား၊ဒါဆိုဘာလဲဟ

"အာညော်..အာညော်-င်ဟာဆယ်ယို"

ထိုသို့လဲမဟုတ်ပြန်၊ဒါဆိုဘာလဲဟ၊ကိုရီးယား
လူမျိုးလဲမဟုတ်ဘူးလား..အာ..စကားများ
မပြောတက်တာလား။

"အာ..အာပါး..အပါးပါးဝူးဝါးဝါး"

လက်ဟန်ခြေဟန်နဲ့လုပ်ပြတော့လဲအရှေ့က
ဟာလေးကတုပ်တုပ်မလှုပ်ပေ၊သွန်းတစ်ကယ်
ရူးချင်နေလေပြီ၊ဘယ်လိုလုပ်ပြလုပ်ပြအရှေ့မှာ
ထိုင်နေတဲ့အမျိုးသမီးလေးကနားမလည်တော့
ဘယ်လိုလုပ်ရပါ့၊ခေါင်းတွေကိုတဗျင်းဗျင်း
ကုတ်ကာအရှေ့ကအပြာရောင်မျက်ဝန်းပိုင်ရှင်
လေးအားစိုက်ကြည့်နေလိုက်တော့အကြည့်လွှဲ
သွားလေရဲ့၊

ရေသူမလေးရဲ့ချစ်သက်သေWhere stories live. Discover now