Part.22

947 112 4
                                    

Unicode

အပြန်အလှန်ပစ်ခတ်ကြတဲ့နေရာမှာနောက်ဆုံး
ကျန်ခဲ့တဲ့ရလဒ်ကသွန်းရောလက်ပန်ပါထိခိုက်
သွားရလေသည်၊လက်ပန်သေနတ်ကိုလွှတ်ချ
လိုက်ကာတဆစ်ဆစ်နာကျင်နေတဲ့ရင်ဘက်ကို
ဖိပြီးလဲကျသွားလေတော့သည်၊

"အား..ဟာ့!"

ဓါးဒဏ်ရာကစူးစူးနစ်နစ်ကိုယ်ထဲစိုက်ဝင်နေတာ
တောင်လက်ပန်မျက်နှာကပြုံးယောင်သန်းလျက်၊
ဒဏ်ရာကသွေးတွေမရပ်ပဲကျနေတာများလာ
တော့လက်ပန်ကိုယ်မှာရဲရဲနီနေလေသည်။

ကျေးဇူးတင်ပါတယ်သွန်း..ငါ့ကိုပါကြွေရုပ်လေး
နောက်ကိုလိုက်သွားခွင့်ပြုလို့၊အခုလိုနင်တို့
နှစ်ယောက်မပေါင်းဖက်ရတာကိုငါဝမ်းသာတယ်
ငါ့လုပ်ရက်အတွက်လုံးဝနောင်တမရဘူး၊
ကြွေရုပ်လေးရယ်'ပန့်'မျက်လုံးတွေလေးလာ
လိုက်တာ..ပန်ကြွေရုပ်လေးနောက်ကိုလိုက်လာ
ခွင့်ရပြီသိလား၊ဒါပေမဲ့မင်းလေးချစ်တဲ့သွန်းကို
ပါအရောက်ခေါ်လာခဲ့တယ်။

သွေးထွက်လွန်လာတဲ့လက်ပန်ကနှုတ်ခမ်းတွေ
ဖြူဖျော့လာပြီးသွေးတစ်ချို့အန်ထွက်လာကာ
နောက်ဆုံးတော့‌ပန်းခင်းကြီးအလယ်မှာငြိမ်သက်
စွာအနားယူသွားခဲ့လေတော့သည်၊

လက်ပန်ပစ်လိုက်တဲ့ကျည်ကသွန်းရဲ့အသက်
ရှူလမ်းကြောင်းကိုတားစီးလျက်၊ဟောဟဲစိုက်
နေတဲ့သွန်းဟာအသက်ကိုလုရှူနေရပေမဲ့
ဆည်းဆာဆီကိုမြေကြီးပေါ်အားယူကာထပြီး
သွားဖို့ကြိုးစားပေမဲ့အကြိမ်ကြိမ်လဲကျနေခဲ့သည်
နောက်ဆုံးတော့အသက်မဲ့နေတဲ့ကိုယ်လေးဆီကို
သွန်းမြေကြီးပေါ်တရွေ့ရွေ့တိုက်ကာလာခဲ့ပါ
သည်၊အနီးနားရောက်တော့မှအားအင်တွေကုန်
ခမ်းသွားသလိုပြစ်လဲသွားကာဆည်းဆာရဲ့
လက်လေးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီး
သွန်းလက်တွေမှာလဲသွေးတွေဟာရဲရဲတောက်လျက်၊

သွန်းအကောင်းဆုံးကာကွယ်ပေးနိုင်ခဲ့တယ်ထင်
ပြီးဂုဏ်ယူနေခဲ့တာ၊အခုတော့သွန်းဟာအသုံး
မကျတဲ့မိန်းမ..သွန်းကြောင့်ဆည်းဆာအခုလို
သေရတာ၊သွန်းဒီစိတ်ကြီးနဲ့လောကကြီးထဲ
ဘယ်လိုအသက်ရှင်နေထိုင်ရမလဲ၊ဆည်းဆာနဲ့
အတူရှိခဲ့ဖူးတဲ့ပုံရိပ်တွေကသွန်းကိုရူးသွားအောင်
တွန်းပို့နေတော့မှာ

ရေသူမလေးရဲ့ချစ်သက်သေWhere stories live. Discover now