Part.3

1.2K 158 0
                                    

Unicode

ကားဂိတ်ကိုစောစောရောက်နေတဲ့သွန်း၊ဒီနေ့မှ
ထူးထူးဆန်းဆန်းအိမ်မက်မမက်တာကြောင့်
အိပ်ရေးဝဝအိပ်ခဲ့ရတာမို့စိတ်တွေကြည်လင်နေ
လေသည်၊ဒါပေမဲ့စိတ်ထဲတော့တစ်မျိုးကြီးပေ၊
အမြဲတမ်းမက်နေတဲ့အိမ်မက်ကဒီနေ့မှာတော့
အစတောင်ပေါ်မလာခဲ့၊မျှော်နေတာမျိုးမဟုတ်
ပေမဲ့အမြဲတမ်းမက်နေကြအိမ်မက်ဖြစ်ပြီးအဖြေ
မှန်ကိုထုတ်ပေးနိုင်မဲ့အရာမို့လို့သွန်းသိချင်ပါ
သည်၊ထိုအိမ်မက်ထဲကမိန်းကလေးရော၊အဝါ
ရောင်ပန်းခင်းကြီးရော၊ကျောက်ဆောင်တွေနဲ့
ပင်လယ်ရောသွန်းနဲ့ဘယ်လိုများပတ်သက်ခဲ့ပါ
သနည်း၊

ကားလာဖို့အချိန်ကလိုသေးတာမို့ထိုင်နေတာ
ကြာပြီဖြစ်တဲ့ခြေထောက်တွေကကျင်လာတာ
ကြောင့်ထရပ်ကာဖုန်းကြည့်နေမိသည်၊အဝေးက
နေကြားနေရတဲ့ရယ်သံတစ်ချို့၊သွန်းစိတ်ထဲ
မထားပေမဲ့အတိုင်းသားကြားနေရတာတော့သွန်း
နဲ့နီးကပ်လာလေပြီ၊စပ်စုချင်တာမျိုးမဟုတ်
ပေမဲ့အမှတ်တမဲ့မော့ကြည့်လိုက်တော့သွန်းရှေ့
မှာဖြတ်ပြေးသွားတဲ့ဆံပင်စိမ်းပြာရောင်နဲ့မိန်း
ကလေး၊ဒိန်းကနဲဆောင့်တက်လာတဲ့သွေးခုန်နှုန်း
ကလူသတ်ပွဲဖြစ်နေသည့်အတိုင်းတဒုတ်ဒုတ်နဲ့ပေ
ပြေးနေတဲ့မိန်းကလေးရဲ့မျက်နှာတစ်ခြမ်းကို
မပီမသတော့မြင်နေရသည်၊သွန်းခေါ်မလို့လက်
ကိုရှေ့ထုတ်လိုက်တာနဲ့တပြိုင်ထဲထိုမိန်းကလေး
ရဲ့အနောက်ကိုလွင့်နေတဲ့ဆံပင်ကသွန်းလက်ကိုကတ်သီးကတ်ဖဲ့နိုင်စွာထိမိသွားချိန်မှာတော့၊

အသိညဏ်မရှိတော့တဲ့ကိုယ်နဲ့အတူကိုင်ထားတဲ့
ဖုန်းဟာလဲမြေပြင်ပေါ်ခွမ်းကနဲ၊

"ခွမ်း!!"

*ဆည်းဆာ*

*ပြောလေ*

*ပင်လယ်‌ထဲကိုပြန်တော့*

*ဘာဖြစ်လို့လဲဟင်!..ဘာလို့ပြန်ရမှာလဲ*

*ဒီနေရာကမင်းအတွက်မလုံခြုံတော့ဘူး..အဲ့ဒါ
ကြောင့်ပင်လယ်ထဲကိုပြန်တော့မင်းအန္တရာယ်
ဖြစ်လာမှာကိုဒီတိုင်းကြည့်မနေနိုင်ဘူး*

*ဟင့်အင်း..မပြန်ဘူး..ပူတူးကိုပြန်မပို့ပါနဲ့
နော်..ပူတူး 'မမ'..မရှိပဲမနေနိုင်ဘူး*

ရေသူမလေးရဲ့ချစ်သက်သေWhere stories live. Discover now