Part.15

914 109 1
                                    

Unicode

ကားသမားကိုခြံ‌ရှေ့မှာရပ်ခိုင်းလိုက်ပြီးအိပ်ပျော်
နေတဲ့ဆည်းဆာကိုနှိုးကာအောက်ကိုဆင်းလာ
လိုက်သည်၊ကားသမားထွက်သွားပြီဆိုမှသွန်း
လည်းဆည်းဆာကိုဆွဲကာခြံတံခါးဖွင့်မဲ့အချိန်ကို
စောင့်နေလိုက်သည်။

"ဟယ်!မမလေး..မမလေးပြန်လာပြီ!"

ရွယ်ဇင်ကသွန်းကိုမြင်တာနဲ့ခြံတံခါးကိုဖြစ်သလို
ဆွဲဖွင့်ကာအနားကိုပြေးလာပြီးတစ်ကိုယ်လုံးကို
စူးစမ်းသလိုလိုက်ကြည့်နေလေသည်။

"ကဲ..ဘယ်လိုဖြစ်နေတာလဲရွယ်ဇင်ရယ်"

"ဟို..မမလေးဘာများဖြစ်လာသေးလဲလို့ပါ..
ဟင့်..အီးဟီး!!မမလေးတို့စီးသွားတဲ့သင်္ဘောက
မုန်တိုင်းမိပြီးပြန်ရောက်လာတယ်လေပျောက်
နေတဲ့လူတွေထဲမှာမမလေးရောပါလို့ဖေဖေကြီး
ကအရမ်းစိတ်ပူနေတာ..ဟင့်"

"ကဲပါဟာ..ငိုမနေနဲ့ငါလည်းကံကောင်းလို့အသက်
ရှင်ရတာစကားများမနေနဲ့တော့.ဧည့်သည်လည်း
ပါလာတယ်"

"ဟင်!"

အခုမှရွယ်ဇင်ကသွန်းဘေးမှာရပ်နေတဲ့ဆည်းဆာ
ကိုတွေ့သွားတာပင်၊ဆည်းဆာခန္ဓာကိုယ်တစ်ခု
လုံးကိုအံ့ဩသလိုလိုက်ကြည့်နေတဲ့ရွယ်ဇင့်
ကြောင့်သွန်းရယ်လိုက်ကာ

"ပြီးမှကြည့်တော့..လာအိမ်ထဲဝင်ကြမယ်..ခေါင်း
မူးသေးလားပူတူး"

"ဟင့်အင်း"

ဆံပင်စိမ်းပြာရောင်ခါးလောက်ရှိတဲ့ကောင်းမလေး
ကိုဂရုတစိုက်တွဲခေါ်ကာ‌ပူတူးတဲ့၊မမလေးနဲ့ဘယ်
လိုများတွေ့လာတာလဲ။

ရွယ်ဇင်လည်းအတွေးတွေကိုရပ်လိုက်ပြီးအိမ်
ထဲကိုပြေးဝင်လာခဲ့တော့သည်၊မမလေးပြန်လာ
တယ်ဆိုရင်ပဲ‌ရွယ်ဇင့်အတွက်ထီပေါက်သလိုပင်။

သွန်းတို့အိမ်ထဲဝင်လာတော့ဖေဖေနဲ့သူ့မိန်းမက
မနက်စာစားနေကြတယ်ထင်ပါ့၊ဖေဖေကသွန်းကို
မြင်တော့ခုံပေါ်ကနေဝုန်းကနဲထရပ်လိုက်ကာ

"သမီး!!"

"ဖေဖေ"

ဖေဖေကသွန်းအနားကိုရောက်လာကာဆွဲဖက်
လိုက်ပြီးမျက်ရည်ပူများပါးပြင်ပေါ်စီးကျလာ
လေတော့သည်၊ဖေဖေလည်းအရမ်းစိတ်ပူနေခဲ့
မှာပဲ၊

ရေသူမလေးရဲ့ချစ်သက်သေWhere stories live. Discover now