Part.1

1.9K 169 2
                                    

Unicode

မိန်းကလေးနှစ်ယောက်ရဲ့ရယ်မောသံလေးတွေ
မကြာခဏထွက်ပေါ်လာနေတဲ့အဝါရောင်ပန်းခင်း
ကြီးထဲမှာပျော်ရွှင်စရာတွေဆိုတာဒုနဲ့ဒေး၊အရိုး
တန်ရှည်ရှည်နဲ့ထိပ်မှာအဝါရောင်ပန်းပွင့်အသေး
လေးသာရှိတဲ့ပုံစံပင်၊ထိုကဲ့သို့အရိုးတန်ရှည်ပြီး
အပွင့်တစ်ပွင့်ထဲသာပွင့်သောပန်းပင်လေးတွေ
ဟာအများကြီးစုအုံးကာလေယူရာရိမ်းလျက်၊
ထိုအဝါရောင်ပန်းခင်းကြီးကလာသမျှလူတိုင်း
ကိုပျော်ရွှင်စေရမယ်ဆိုတဲ့သန္ဓိဌာန်ချထားလေ
သလား၊အဝါရောင်အရိုးရှည်ရှည်နဲ့ပန်းခင်းကြား
ထဲပြေးကာဆော့နေကြတဲ့ကောင်မလေးနှစ်
ယောက်မှာပျော်ရွှင်နေကြလေသည်၊ထိုထဲက
တစ်ယောက်ကတော့ဇင်ယော်သွန်းဆိုတဲ့သူမပေ။

"အရမ်းမပြေးနဲ့..မင်းတစ်ခုခုထိခိုက်ရင်ဒီပန်းခင်း
ကြီးကိုဖျက်စီးပြစ်မှာနော်"

"ခစ်..ခစ်..မှီအောင်လိုက်လေ"

"လာပြီ..မိလို့ကတော့မလွယ်ဘူးနော်"

"ဟားဟား..လာလေ"

ပြေးထွက်သွားတဲ့မိန်းကလေးနောက်ကိုသွန်း
ပြေးလိုက်သွားမိသည်၊ထိုမိန်းကလေးရဲ့ရယ်သံ
ကသွန်းနားထဲမှာပဲ့တင်ထပ်လျက်၊

ပန်းခင်းကြီးကဘယ်လောက်ပဲအများကြီး
ပေါက်ရောက်နေပြီးလူတိုးလို့မရအောင်ဖြစ်နေ
ပါစေပန်းခင်းကြီးအလယ်မှာတော့လျှောက်လမ်း
လေးနဲ့ပေ၊ထိုလျှောက်လမ်းလေးပေါ်မှာပြေးနေ
တဲ့ကောင်မလေးနှစ်ယောက်ရင်ထဲမှာအပျော်
တွေလွန်ကဲနေမယ်ဆိုတာအသေအချာ။

"ဒိုင်း!"

ထိုအသံကြီးအုပ်စိုးသွားခဲ့သောပန်းခင်းကြီးထဲမှာ

ထို့နောက်

သွေးတွေဖြာဆင်းနေတဲ့ခန္ဓာကိုယ်နှစ်ခုကအလှမ်း
ဝေးစွာတည်ရှိလျက်၊တရွေ့ရွေ့နဲ့လာနေတဲ့
သွန်းဟာသေချာပေါက်လဲကျနေတဲ့
မိန်းကလေးစီကိုလာနေတာပင်၊အသက်မရှိတော့
တဲ့ကောင်မလေးရဲ့လက်လေးကိုကျစ်ကျစ်ပါ
အောင်ဆုပ်လိုက်ပြီးသွန်းလက်တွေမှာလဲသွေးတွေဟာရဲရဲတောက်လျက်။

ပျော်နေခဲ့ကြတယ်လေ..ခုနကလေးတင်သွန်းတို့
ပျော်နေခဲ့ကြတာပါ၊သို့ပေမဲ့အခုတော့မြင်ရတွေ့
ရတဲ့အလားသဏ္ဍာန်ကစိတ်မချမ်းသာစရာ၊

ရေသူမလေးရဲ့ချစ်သက်သေWhere stories live. Discover now