Part.35

1.1K 113 2
                                    

Unicode

မနက်အိပ်ရာနိုးတော့ရင်ခွင်ထဲမှာအနွေးဓာတ်
လေးမရှိတော့ပေ၊ရေချိုးခန်းထဲဝင်ကြည့်တော့
လည်းမရှိတာကြောင့်အောက်ဆင်းသွားမှန်းသိ
လိုက်ပါသည်၊စိတ်ကမကြည်တော့တာကြောင့်
မျက်ခုံးနှစ်ဖက်ကိုစုကျုံ့ထားလိုက်သည်၊

မျက်နှာသစ်ပြီးအောက်ထပ်ကို‌ဆင်းလာလိုက်
တော့မနက်စာဝိုင်းမှာဒေါ်ဆည်းဆာရောင်ခြည်
တို့နေရာယူပြီးပြီမို့သွန်းခေါင်းခါရင်းရယ်လိုက်
မိသည်၊ဒီဟာလေးဒီရက်ပိုင်းမနက်ဆိုရင်အားလုံး
ထက်အရင်ဗိုက်ဆာနေတက်သည်၊အခုလည်း
သူအရင်ဆုံးစားပွဲမှာထိုင်နေတာဦးလေးနဲ့အမေ
တောင်မရောက်သေးပေ၊

"သမီးသွန်းထိုင်လေကွယ်မတ်တပ်ကြီး"

မနက်စာစားဖို့ဝင်လာတဲ့ဦးလေးကမတ်တပ်ရပ်
နေတဲ့သွန်းကိုလှမ်းပြောတာကြောင့်ခေါင်းသာ
ငြိမ့်ပြမိလိုက်သည်၊ဦးလေးအသံကြားတော့မှ
မနက်စာပြင်နေတာကိုမျက်လုံးဝိုင်းလေးတွေနဲ့
လိုက်ကြည့်နေတဲ့ဆည်းဆာကသွန်းကိုမြင်ပြီး
ပါးချိုင့်လေးပေါ်အောင်ပြုံးပြလေသည်၊

"ဘာလို့အစောကြီးထသွားတာလဲပူတူး"

"ဗိုက်ဆာလို့!"

စူပုတ်ပုတ်လေးနဲ့ပြောပြီးအရှေ့ကမုန့်ဟင်းခါး
ပြင်နေတဲ့အိမ်အကူဆီအကြည့်ပြန်ရောက်သွား
လေသည်၊အမေကတော့သွန်းကိုမျက်ခုံးပင့်ပြ
ပြီးအချက်ပြလေသည်။

"အာ..ဒေါ်ကြီးမေ..ပူတူးဖို့မုန့်ဟင်းခါးမလုပ်နဲ့
သွန်းမနေ့ကစီစဉ်ခိုင်းထားတဲ့အတိုင်းချပေး
ပါနော်"

"အေးကွယ်..ဒေါ်ကြီးချပေးမယ်"

ဒေါ်ကြီးမေကအိမ်အကူတွေမှာအသက်အကြီး
ဆုံးဖြစ်လို့သွန်းကလေးလေးစားစားဆက်ဆံ
မိပါသည်၊သွန်းစီစဉ်ခိုင်းထားတယ်ဆိုတာ
ပေါင်မုန့်ကြက်ဥကြော်နဲ့နွားနို့ပေ၊ပူတူးကိုယ်ဝန်
ရှိနေတာသာအမှန်ဆိုရင်အားရှိအောင်ကျွေးဖို့
အမေနဲ့တိုင်ပင်ထားတာပင်။

"ရပါပြီ"

"ပူတူးရှေ့မှာချပေးလိုက်ပါ..ဒေါ်ကြီးမေ"

ဒေါ်ကြီးမေကနွားနို့နဲ့ပေါင်မုန့်ကြက်ဥကြော်ကို
ဆည်းဆာရှေ့ချပေးလိုက်တော့ဗိုက်ဆာနေတဲ့
ဆည်းဆာလေးမှာပြုံးတုံးတုံးလေးနဲ့ပေ၊နေပါအုံး
အဲ့လောက်ချစ်ဖို့ကောင်းဖို့လိုလို့လား၊တစ်ကယ်
ပဲသူလေးဒီရက်ပိုင်းအသားအရေပိုပြီးနုနယ်လာ
ကာကလေးလည်းပိုဆန်လာလေသည်။

ရေသူမလေးရဲ့ချစ်သက်သေWhere stories live. Discover now