Part.5

1.1K 143 0
                                    

Unicode

ရောင်ခြည်ကားပေါ်တက်မလို့လုပ်တုန်းသူမလက်ကနေဆွဲလှည့်လိုက်တာကြောင့်ရုတ်တရက်
ဆိုတော့လန့်သွားရသည်၊ထို့နောက်မြင်လိုက်
ရတာကဟိုအစ်မပင်၊မကြာလိုက်ရောင်ခြည့်
လက်ကိုကိုင်ထားတဲ့ထိုအစ်မရဲ့လက်ကဓာတ်လိုက်သလိုတုန်သွားလေသည်၊ရောင်ခြည့်မျက်
လုံးတွေကိုတည့်တည့်စိုက်ကြည့်နေတာကြောင့်
နေရခက်လှပါသည်၊

*ပူတူး..ဒီပန်းခင်းကြီးကိုသဘောကျလားဟင်*

*အရမ်းသဘောကျတယ်..*

*ပင်လယ်ကိုပြန်မလားရေသူမလေး*

*ဟင့်အင်း..မပြန်ဘူးလုံးဝမပြန်ဘူး..ပူတူး 'မမ'နဲ့
ပဲနေမယ်နော်*

*ဒီမှာကမလုံခြုံဘူးပူတူး..မင်းကိုအန္တရာယ်ပေးမဲ့
သူတွေပဲရှိတယ်*

*ပူတူးမကြောက်ဘူး*

အချိန်ကြာမြင့်စွာရောင်ခြည့်ကိုစိုက်ကြည့်နေပြီး
ဘာမှလည်းမပြောသလို၊လက်ကိုလည်းလွှတ်
မပေးပဲမျက်တောင်မခတ်တမ်းစိုက်ကြည့်နေလေ
သည်၊

"ဒီမှာအစ်မ..ပြောစရာမရှိသေးရင်ရောင်ခြည့်ကို
ခွင့်ပြုပါအုံး၊အရေးကြီးသွားစရာလေးရှိလို့"

ရောင်ခြည်ထိုသို့ပြောပြီးသူမလက်ကိုဆွဲထားတဲ့
လက်တစ်စုံကြားကနေလက်ကိုဆွဲထုတ်ကာ
ကားပေါ်တက်လာခဲ့လိုက်သည်၊ဒါပေမဲ့အခုချိန်
ထိထိုအတိုင်းရပ်နေသေးတဲ့အစ်မကြောင့်စိတ်ထဲ
တော့တစ်မျိုးကြီးပေ။

"သွန်း!!သွန်းရေ!!ဟဲ့သွန်း!!!"

"ဟင်..ဟမ်!"

လက်ပန်ဟိုရွယ်ဇင်ဆိုတဲ့မိန်းကလေးကိုစကား
ပြောပြီးဘေးကိုကြည့်တော့သွန်းကမရှိတော့ပေ၊
ဒါကြောင့်အရှေ့နားကိုလှမ်းကြည့်တော့ပလပ်
ဖောင်းပေါ်မှာကျောက်ရုပ်ကြီးလိုရပ်နေတဲ့သွန်း
ကြောင့်ထိုအနားကိုပြေးသွားပြီးခေါ်လိုက်တော့

"သွန်း..ဘာဖြစ်လို့လဲ"

"သူပဲ"

"ဟမ်"

"ဘာမှမဟုတ်ဘူး..အိမ်ပြန်ရအောင်"

သွန်းဒီတစ်ခါတော့ကိုယ့်ကိုကိုယ်အားမလိုအား
မရမဖြစ်မိပါ၊အသိစိတ်လွတ်သွားပြီးစိမ်းပြာ
ရောင်ဆံနွယ်ရှင်လေးလွတ်သွားပေမဲ့သူမမျက်
နှာကိုသွန်းမှတ်မိလိုက်ပါသည်၊ဆံပင်စိမ်းပြာ
ရောင်နဲ့မိန်းကလေးကကော်ဖီဆိုင်ကမျက်လုံးအပြာလေးနဲ့ကောင်မလေးပေ၊သူမအလုပ်လုပ်
တဲ့နေရာကိုသိနေပြီပဲ..လုံးဝပြေးမလွတ်တော့ဘူး
ဆံပင်စိမ်းပြာရောင်လေးနဲ့ကောင်မလေးက
ရောင်ခြည်ပဲ..ဒါဆိုအိမ်မက်ထဲကဆည်းဆာနဲ့
ဆံပင်စိမ်းပြာရောင်‌နဲ့ရောင်ခြည်ကဘယ်လို
ပတ်သတ်ပါသနည်း။

ရေသူမလေးရဲ့ချစ်သက်သေWhere stories live. Discover now