Part.34

1.1K 116 3
                                    

Unicode

"သွားမယ်လေ"

လမ်းထိပ်ကခုံပုလေးမှာထိုင်ပြီးလက်ပန်ကိုစောင့်
နေတဲ့ရွယ်ဇင့်ပုခုံးပေါ်ပုတ်ပြီးခေါ်တောလန့်သွား
တာများကိုယ်လေးကိုတုန်ကနဲပေ။

"ဘာတွေတွေးနေလို့ဒီလောက်လန့်သွားတာလဲ"

"အစ်မကရုတ်တရက်ကြီးလာခေါ်တာကိုလို့"

လက်ပန်တစ်ချက်ရယ်လိုက်ကာရွယ်ဇင့်ပုခုံးပေါ်
လက်တင်လိုက်တော့ရွယ်ဇင်ကမသိချင်ယောင်
ဆောင်နေလေသည်၊ပထမဦးဆုံးဒိတ်ကခက်ခဲ
လိုက်တာဟုလက်ပန်တွေးမိသည်။

"အစ်မ..ဒီရက်ပိုင်းရောင်ခြည်တို့နဲ့တွေ့ဖြစ်လား
ဟင်"

"ကျစ်..ရည်စားနဲ့ချိန်းတွေ့နေတာကိုသူများ
အကြောင်းမပြောပါနဲ့လား"

"မေးကြည့်တာကို"

လက်ပန်ကဘာမှမကြားဘူးဆိုတဲ့ပုံစံနဲ့နားနှစ်ဖက်
ကိုလက်နဲ့အုပ်ကာလေချွန်နေလေသည်၊

"အစ်မလို့!!"

"ဆွဲနမ်းတော့မှာနော်..တော်လိုက်တော့..အာ
ဒါမှမဟုတ်နမ်းစေချင်နေလို့ဆက်ပြောနေတာ
များလား"

"ဖြစ်ရသေးတယ်နော်"

ရွယ်ဇင်ကမျက်နှာလေးခပ်ရဲရဲဖြစ်နေကာဘေး
ကိုမျက်နှာလွှဲထားတာကြောင့်လက်ပန်ရယ်
လိုက်မိသည်၊

"ဘယ်ကိုသွားမလဲပျို"

"အစ်မသဘောပဲလေ"

"ဒါဆိုရုပ်ရှင်ရုံဆိုရင်ရော"

"မသွားချင်ဘူး"

"ဪ..ဒါဆိုပန်းခြံ"

"မကြိုက်ဘူး"

"ကစားကွင်းရော"

"ကလေးဆန်တယ်"

"ဒါဆိုဘယ်သွားမလဲ"

"အစ်မသဘော!"

လက်ပန်ခေါင်းကိုအခါခါငြိမ့်ကာရွယ်ဇင့်ခါး
လေးကိုဆွဲဖက်လိုက်သည်၊ထိုတော့မှမျက်လုံး
ပြူးလေးနဲ့ရုန်းလာတာကြောင့်

"ပန့်စိတ်ကိုလာဆွနေတာလား"

"အစ်မနော်..လမ်းအလယ်ကြီးမှာသူများတွေ
မြင်ကုန်မယ်လို့..လွှတ်!!"

ရေသူမလေးရဲ့ချစ်သက်သေWhere stories live. Discover now