Part.20

913 106 12
                                    

Unicode

ဆည်းဆာကိုအိမ်ပေါ်ပြန်ခေါ်ခဲ့ပြီးအိပ်ပျော်သွား
ပြီဆိုမှပါးလေးကိုဖွဖွလေးတစ်ချက်နမ်းကာ
သွန်းရဲ့ခြေလှမ်းတွေကလက်ပန်ရဲ့အခန်းဆီသို့၊

"ဒေါက်..ဒေါက်"

"ဘယ်သူလဲ!!ထွက်သွားဘယ်သူမှဝင်မလာနဲ့"

"ငါဇင်ယော်သွန်း!!နင်နဲ့စရင်းရှင်းစရာရှိတယ်
ထားလက်ပန်အခုထွက်ခဲ့!!"

"ကျွီ"

သွန်းမှန်းသိတော့အခန်းထဲကထွက်လာတဲ့
လက်ပန်ကနှုတ်ခမ်းမှာမဲ့ပြုံးတစ်ခုကိုချိတ်ဆွဲ
ထားသေးသည်၊ဒါပေမဲ့မျက်ဝန်းတွေကတော့
နာကျင်နေပါတယ်..ဝမ်းနည်းနေပါတယ်လို့အော်
ပြောနေသလိုပင်၊

"အဟက်..ဘာလဲ!ကြွေရုပ်လေးနဲ့နင့်ရဲ့မင်္ဂလာပွဲ
ကိုလိုက်မရှုပ်ပါနဲ့လို့ပြောမှာဆိုရင်တော့လာရာ
လမ်းအတိုင်းပြန်လိုက်!ဘာလို့လဲဆိုတော့ငါက
ကြွေရုပ်လေးကိုရအောင်ယူမှာမို့လို့ပဲ!‌ပြန်လိုက်"

"ဆည်းဆာရောင်ခြည်ဆိုတဲ့မိန်းကလေးကို
နင့်ထက်အရင်ငါချစ်ခဲ့တာပါလက်ပန်!နင်ဘာလို့
ငါတန်ဖိုးထားရတဲ့အရာတွေကိုလုယူချင်နေရ
တာလဲဟမ်!!ငါ့ကိုအဲ့လောက်မုန်းလား!!"

"ဟားဟား..ဟားဟားဟား!သိပ်ရယ်ရတာပဲ
အေး!!မုန်းတယ်!!နင့်ကိုငါအရမ်းမုန်းတယ်သွန်း!
ဒါပေမဲ့ကြွေရုပ်လေးကိုချစ်တာကငါနင့်ကိုအနိုင်
လိုချင်လို့လည်းမဟုတ်သလိုစိတ်ကစားတာ
လည်းမဟုတ်ဘူး!!ချစ်တာ..ငါကကြွေရုပ်လေး
ကိုချစ်တာ..ဟော့ဒီရင်ဘက်ထဲကနေရူးလောက်
အောင်ချစ်တာ..နင်ပဲအရင်ချစ်ချစ်ငါပဲအရင်
ချစ်ချစ်!!နင့်ထပ်မပိုရင်တောင်နင့်လောက်
မလျော့ဘူးဆိုတာမှတ်ထား!!..ဪ..ပြီးတော့
နင့်ကိုသတိပေးရအုံးမယ်..အထိအခိုက်နည်းစေ
ချင်ရင်အခုထဲကမင်္ဂလာပွဲကိုဖျက်လိုက်တော့!!
ငါကြွေရုပ်လေးကိုရဖို့ဆိုရင်ဘာမဆိုလုပ်ပစ်မှာ"

လက်ပန်ကသွန်းပုခုံးကိုနှစ်သိမ့်သလိုလှောင်ပြုံး
တစ်ခုပန်ဆင်ပြီးပုတ်သွားကာအခန်းထဲဝင်မလို့
လှည့်ထွက်သွားတာကြောင့်သွန်းလက်ပန်ကိုဆွဲ
လှည့်လိုက်ပြီး

ရေသူမလေးရဲ့ချစ်သက်သေWhere stories live. Discover now