Part.25

953 107 3
                                    

Unicode

"တူမကြီးရဲ့ချစ်ရသူကဦးလေးရဲ့သမီး
ဆည်းဆာရောင်ခြည်လောက်လှနိုင်မှာ
မို့လို့လား"

လက်ပန်ခြေထောက်တွေရှေ့ဆက်သွားလို့မရ
အောင်ဖြစ်သွားရသည်၊အမြန်အနောက်က
ဦးလေးကြီးကိုလှည့်ကြည့်တော့ထိုဦးလေးကြီးက
ဖြေလေဆိုတဲ့ပုံစံမျိုးဖြင့်ခပ်ပြုံးပြုံးလေးမေး
ငှော့ပြလေသည်၊လက်ပန်မှာဝမ်းသာလွန်းလို့
မျက်ရည်တွေဝိုင်းတဲ့အထိဖြစ်လာရသည်။

"ဦး..ဦးလေးရဲ့သမီးကဆည်းဆာဟုတ်လား"

"အာ..သမီးနဲ့သိတာလား"

"သိရုံတင်ဘယ်ဟုတ်မလဲ..ဆည်းဆာကပန်ချစ်
နေရတဲ့သူပဲလေ"

ဦးမျိုးမာန်ကိုယ်တိုင်လည်းအံ့ဩသွားရပြန်လေ
သည်၊အနည်းဆုံးတော့ကိုယ့်ဘက်ကဘယ်လိုပဲ
သဘောတူပါစေကလေးတွေချင်းကမေတ္တာမရှိ
ရင်ရှေ့ဆက်လို့မရပေအခုတော့ဒီကလေးမက
သမီးလေးကိုချစ်နေတယ်ဆိုတော့။

"ဦးလေး'ပန်'ကလူကောင်းပါ..ပန့်မှာမိဘမရှိတာ
ကလွဲပြီးကျန်တာအားလုံးဖြစ်နိုင်ပါတယ်ဒါပေမဲ့
ပန်ကမချမ်းသာပါဘူး..ပြီးတော့ပန်တစ်ကယ်
ဆည်းဆာကိုချစ်တာပါ"

"ဦးလေးတို့နောက်မှ‌ဆက်ပြောကြရအောင်လေ
မနက်ဖြန်အိမ်လာခဲ့ပေါ့..ဒါကဦးလေးလိပ်စာပဲ"

"ဟုတ်..ကျေးဇူးတင်ပါတယ်ဦးလေး"

လက်ပန်ကဘယ်လောက်တောင်ကံကောင်းပါ
သနည်း၊အခုလိုအခွင့်အရေးလက်ပန်ရလာတာ
ဟာတစ်ကယ်ကောင်းလွန်းလှပါသည်၊လက်ပန်
ဒီအခွင့်အရေးကိုကောင်းကောင်းကြီးအသုံးချပြီး
ကြွေရုပ်လေးကိုယူမှာ၊သွန်းရေ.ဒီတစ်ခါကံတရား
ကငါ့ဘက်မှာရှိနေတာပဲ။

*.......

*.........
လက်ပန်တစ်ယောက်အပျော်လွန်ကာအိမ်အပြန်
လမ်းဟာတက်ကြွလျက်ရှိနေခဲ့သည်၊အရှေ့မှာ
လာရပ်တဲ့ခြေထောက်တစ်စုံကြောင့်မတိုက်မိ
အောင်အမြန်ထိန်းလိုက်ရသည်၊ဘယ်လိုလူက
လက်ပန်ရှေ့ကိုလာရပ်ပါသနည်း၊စုတ်တစ်ချက်
သတ်လိုက်ကာအရှေ့ကလူကိုမော့ကြည့်တော့

"ထပ်ပြီးဘာတွေကြံနေတာလဲ"

"ဟက်!..မင်းကဘာတွေလာပြောနေတာလဲ
ငါ့ရှေ့ကဖယ်လိုက်စမ်းပါအပျော်တွေပျက်လို့"

ရေသူမလေးရဲ့ချစ်သက်သေWhere stories live. Discover now