Part.21

869 105 6
                                    

Unicode

သေနတ်ကိုင်ပြီးဆင်းလာတာကြောင့်သွန်းထိတ်ထိတ်ပြာပြာဖြစ်သွားကာဆည်းဆာကိုပန်းခင်း
ကြားထဲဆွဲခေါ်လာခဲ့ရင်း

"ပူတူးဒီမှာနေခဲ့နော်"

"ဟင့်အင်း!ဟင့်အင်းမရဘူး..မနေခဲ့ဘူး..မမ
တစ်ယောက်ထဲမသွားရဘူးလို့!!အီးဟီး"

"ဘာမှမဖြစ်ဖူးလေနော်ကလေးလေးက'မမ'
စကားနားထောင်မယ်မလား..'မမ'ကသန်မာ
တယ်လေကွာ..နော်..ဒီပန်းခင်းကြားထဲမှာပဲနေ
နော်ဘာသံကြားကြားထွက်မလာရဘူး!!"

"ဟင့်..မရဘူးအဒေါ်ကြီးလက်ထဲမှာကိုင်ထားတာ
ကဘာကြီးလဲဟင်..အဲ့ဒါက'မမ'ကိုနာကျင်အောင်
လုပ်မဲ့ပစ္စည်းမလားဟင်!..ဟင့်အီးဟီး!မသွားပါနဲ့
ပူတူးနဲ့အတူတူဒီနားလေးမှာပုန်းနေမယ်လေ"

ရှိုက်ကြီးငင်ကြီးငိုနေတဲ့ဆည်းဆာရဲ့ပါးပေါ်က
မျက်ရည်ကိုသုတ်ပေးနေတဲ့သွန်းကိုယ်တိုင်မှာ
လည်းမျက်ရည်တွေနဲ့သာ၊လက်ပန်လက်ထဲမှာ
ကိုင်ထားတာလူကိုသေစေနိုင်တဲ့လက်နက်တစ်ခု၊
ဆည်းဆာကိုအထိအခိုက်မခံနိုင်တာမို့သွန်းသေ
ပေးဖို့အသင့်ပေ။

"ပူတူးလေး..ကလေးကလိမ္မာတယ်လေနော်
ဘာသံကြားကြားနောက်လှည့်မကြည့်ပဲပင်လယ်
ကိုရောက်အောင်ပြန်ရမယ်နော်.မမကိုကတိပေး"

"မပေးဘူး..မလိမ္မာဘူးလို့..မမလည်းအတူတူ
လိုက်ရမယ်..အတူတူသွားမယ်..ဟင့်"

"ပြောတော့'မမ'စကားကိုနားထောင်မယ်ဆို!
လက်ပန်နဲ့စကားသွားပြောမလို့လေ..ပူတူးက
ပင်လယ်ထဲမှာစောင့်နေပေးပေါ့..အင့်..ပြီးရင်
မမပြန်လာမှာလေ..အဲ့ကြရင်အတူတူနေကြမယ်
လေနော်"

ဆည်းဆာရဲ့ပါးပြင်နုနုလေးထက်ကမျက်ရည်စ
လေးတွေကိုငြင်ငြင်သာသာသုတ်ပေးလိုက်
မိသည်..သွန်းတို့တစ်ကယ်ခွဲရတော့မှာလား။

"တစ်ကယ်ပြန်လာမယ်မလားဟင်..ပူတူးကို..ဟင့်
မမ'ကမလိမ်ဘူးမလား!"

"မလိမ်ပါဘူး..တစ်ကယ်မလိမ်ဘူး..အသံတစ်ခုခု
ကြားတာနဲ့ပင်လယ်ထဲကိုရောက်အောင်ပြန်ရ
မယ်နော်..မမ'ကိုကတိပေးစမ်းပါပူတူးရယ်!"

"ဟုတ်..ဟင့်..မမပြန်လာတဲ့အထိစောင့်နေပါမယ်
အီးဟီး..ပြီးရင်အတူတူနေကြမယ်နော်"

ရေသူမလေးရဲ့ချစ်သက်သေWhere stories live. Discover now