Part.13

925 113 7
                                    

Unicode

သွန်းလက်ကိုဆွဲကာခေါ်သွားတဲ့ဆည်းဆာနောက်
ကိုဘာမှမသိရပဲလိုက်သွားရတော့သည်၊ကျောက်
ဆောင်ကြားကနေနည်းနည်းထွက်လိုက်တော့
မြင်လိုက်ရတာကအပင်တစ်ချို့နဲ့ပင်လယ်ပြင်
ကြီးပင်၊သွန်းမယုံနိုင်စွာကြည့်နေ‌မိတော့သည်၊
သွန်းထင်ထားတာနဲ့ကွဲလွဲစွာဤနေရာကဂူတစ်ခု
မဟုတ်ခဲ့ပေ၊အခုတော့အပင်တွေနဲ့အဝေးမှာ
မြင်နေရတဲ့အဆုံးမရှိပင်လယ်ပြင်ကြီး၊တစ်ကယ်
တော့သွန်းတို့ကအထဲကိုဝင်နေလို့ဂူလို့ထင်နေခဲ့
တာပင်၊အပြင်ကိုထွက်ကြည့်တော့မှကျွန်းတစ်ခု
ဆိုတာကိုမြင်လိုက်ရတာပင်၊

"ဝါး!တစ်ကယ်ဂူလို့ထင်ထားတာ"

"အင်း..ဒါကကျွန်းတစ်ခုပါ"

ဆည်းဆာဘက်ကိုလှည့်ကာသွန်းသိချင်နေတဲ့
အကြောင်းအရာကိုမေးဖို့ကြည့်လိုက်ပြီး

"ဒါဆိုအထဲကရေအိုင်နဲ့ပင်လယ်ကဘယ်လို
ဆက်စပ်နေတာလဲဟင်"

"အဲ့ဒါကရေအိုင်မဟုတ်ဘူး..အဲ့ဒါကပေါက်နေတဲ့
ကျောက်ဆောင်လိုမျိုးပဲ..အဲ့နေရာကနေခုန်ဆင်း
လိုက်ရင်ပင်လယ်ထဲရောက်သွားတာလေ"

"အဲ့ဒါကြောင့်နင်းစရာမြေကြီးမရှိတာကို..ဒီမှာ
သစ်ရွက်ခြောက်တွေရှိတာပဲ..မီးမွှေးလို့ရတယ်
ငါးကင်စားကြည့်ကြမလား"

သွန်းမေးလိုက်တော့ခေါင်းကိုအတင်းခါရမ်းပြတဲ့
ရေသူမလေးကြောင့်အသံထွက်အောင်ရယ်လိုက်
မိတော့သည်၊မသိရင်ဒီလူကသူ့ကိုအဆိပ်ကျွေး
နေတဲ့အတိုင်း၊

"ဘာလို့လဲ"

"ဟင့်အင်း..မစားချင်ပါဘူး'မမ'ပဲစားလိုက်
ဆည်းဆာအဲ့ဒါကြီးတွေမစားဖူးဘူး"

"အင်းလေ..မစားဘူးလို့စားကြည့်ပါဆို"

ထိုသို့ပြောလိုက်တော့ခေါင်းငြိမ့်ပြတာကြောင့်
သွန်းဆည်းဆာခေါင်းလေးအားလက်နဲ့ခပ်ဖွဖွ
လေးပွတ်ပေးလိုက်ကာ

"လိမ္မာတယ်"

ဆည်းဆာကသဘောတကျပြုံးနေကာသွန်းရဲ့
လက်ကိုမဖယ်ပဲငြိမ်ငြိမ်လေးနေပေးတာကြောင့်
အချစ်ပိုရပြန်သည်၊

သွန်းဘေးကအရွက်ခြောက်တွေအားစုပုံကာ
ယူလာလိုက်ပြီးကျောက်ဆောင်ထဲကိုပြန်ဝင်လာ
တော့ဆည်းဆာကအနောက်ကနေလိုက်လာလေ
သည်၊အထဲမှာသစ်ရွက်ခြောက်တွေကိုချထား
လိုက်ပြီးမီးမွှေးဖို့ရာကျောက်ခဲနှစ်လုံးလိုက်ရှာဖို့
လုပ်ရပြန်လေသည်၊

ရေသူမလေးရဲ့ချစ်သက်သေWhere stories live. Discover now