Part.32

1.1K 107 0
                                    

Unicode

"ပူတူးရေ!!'မမ'ပြန်လာပြီ"

သွန်းအသံကြားတာနဲ့အိမ်ပေါ်ထပ်ကနေ
ဆည်းဆာတစ်ယောက်ပြေးဆင်းလာလေသည်၊
အနောက်မှာတော့အမေဖြစ်သူကခေါင်းတခါခါနဲ့
လိုက်လာလေသည်။

"မမ!ပြန်လာပြီလား..လွမ်းနေတာ"

သွန်းရင်ခွင်ထဲအလုံးလိုက်လေးဝင်လာကာ
ဇွတ်တိုးနေတာကြောင့်ကျောပြင်လေးကိုဖွဖွ
လေးပွတ်ပေးလိုက်သည်။

"ဆည်းဆာရောင်ခြည်..နင့်အဖေငါလည်းအလုပ်
ကနေပြန်လာတာပါဟယ်.Companyတစ်ခုထဲမှာ
သွန်းရောငါရောအလုပ်လုပ်ပြီးပြန်လာတာ
သွန်းတစ်ယောက်ထဲပဲကွက်ပြီးလွမ်းနေတယ်
ဟုတ်လား!!"

"ရှင့်သမီးကတော့ပြောမနေတော့နဲ့!"

အဖေနဲ့အမေကဒေါသမပါတဲ့လေသံနဲ့ဆည်းဆာ
ကိုပြောတာကြောင့်'သွားတတ်'လေးပေါ်အောင်
ပြုံးပြလိုက်ပြီးသွန်းဘက်ကိုလှည့်လာလေသည်၊

"ပူတူးဖို့ရေခဲမုန့်ဝယ်လာခဲ့တယ်"

"ဟင်..ဟုတ်လားဟိုဦးလေးကြီးဆီကမလား
အဲ့ကရေခဲမုန့်ကအရမ်းစားကောင်းတယ်"

"ဟုတ်တယ်..သူ့ဆီကလှည့်ဝယ်ခဲ့တာ"

"ဟီးဟီး..အဲ့ဒါကြောင့်ချစ်နေရတာ..လာမြန်မြန်
အိမ်ပေါ်တက်ရအောင်"

သွန်းကိုဆွဲခေါ်ကာအိမ်ပေါ်တက်သွားတဲ့
ဆည်းဆာကရေခဲမုန့်ဝယ်ဖို့ဆီကုန်ခံပြီးမောင်း
ပေးတဲ့အဖေကိုတစ်ချက်ကလေးတောင်
သတိမရ၊‌တော်တော်ဟုတ်တဲ့ကလေး..အိမ်မှာ
နေခဲ့တဲ့သူကလည်းသွန်းပြန်လာရင်အေးဆေး
နေရအောင်လုပ်ထားတက်သလိုအလုပ်ကပြန်
လာတဲ့သွန်းကလည်းဆည်းဆာကြိုက်တက်တာ
လေးတွေဝယ်ဖို့သတိတရရှိလေသည်။

လက်ထပ်ပြီးသွားတော့သွန်းကိုအိမ်မှာသာ
လိုက်နေစေသည်၊ကိုယ့်သမီးကိုလည်းမျက်စိ
အောက်မှာမြင်နေရတယ်..ပြီးတော့သွန်းဟာ
လည်းဦးမျိုးမာန်ရဲ့အလုပ်သမားတစ်ယောက်
လိုမျိုးသဘောထားခဲ့တာမှမဟုတ်ပဲ၊ကိုယ့်သမီး
အရင်းလေးလိုမသိတာမတက်တာသင်ပေးပြီး
နေလာခဲ့ကြတာမို့သွန်းကိုလည်းလက်ခံနိုင်ခဲ့
သည်၊

"မမ..ရေခဲမုန့်ပေး"

"အာဘွားအရင်လာလိုက်လေ"

ရေသူမလေးရဲ့ချစ်သက်သေWhere stories live. Discover now