Part.40

1.2K 107 5
                                    

Unicode

"ရား..ဘူးဘူး..အဲ"

ပုခက်ထဲက‌နေမခေါ်မချင်းအသံပေးနေတဲ့
သမီးကို'မမ'ကစိုက်ကြည့်နေလေသည်၊၉လသား
ရောက်နေပြီဖြစ်တဲ့သမီးကရယ်တက်ပြုံးတက်
တဲ့အပြင်တော်တော်များများနားလည်နေပြီပင်၊
အသားဖြူဖြူဥဥလေးမှာအညိုရောင်ချည်သား
အင်္ကျီလေးဝတ်ထားပေးတာကြောင့်ခြေကား
ယားလက်ကားယားလေးနဲ့ထိုးထိုးထောင်ထောင်
ဖြစ်နေလေသည်၊

"မမ'ရယ်သမီးကိုခေါ်ရင်လည်းခေါ်လေ"

"ပူတူးသမီးကအမြဲလက်ပေါ်မှာပဲနေချင်နေတာ
လေ..လူလည်မလေးလုပ်ချင်နေတာ"

သွန်းပြောတော့သမီးကသူနားလည်သလို
တခစ်ခစ်နဲ့အသံပေး‌ပြီးလက်နှစ်ဖက်ကိုမြှောက်
ကာချီခိုင်းလေသည်၊

"အဲ..ခစ်ခစ်..ခိ"

"ချီရမှာလားသမီး"

"အင့်..ရာ.ရာ"

"မလာပါဘူး..ချီလည်းမချီဘူး!"

"ဟင့်..အူးဝါး!"

ကုတင်ပေါ်မှာအင်္ကျီချုပ်နေရင်းသမီးငိုသံကြား
တာကြောင့်ဆည်းဆာကသွန်းကိုမျက်စောင်း
တစ်ချက်လှမ်းထိုးပြီး

"မမကလည်း..သမီးလေးငိုကုန်ပြီ"

"ပူတူးသမီးကို'မမ'ဘာလုပ်လို့လဲ..ဘာမှမလုပ်
ဘူးနော်..သမီးလေး..သမီးမေမေကိုပြောပြလိုက်
Mommyဘာမှမလုပ်ဖူးလို့"

"ဘူး..ဘူး.အဲ"

"မြင်လား..မလုပ်ဘူးတဲ့"

သူ့ဟာနဲ့သူတော့ဟုတ်နေတာကြောင့်ဆည်းဆာ
အာရုံကအင်္ကျီချုပ်နေရာတွင်ပြန်ရောက်သွား
လေတော့သည်၊အဲ့သားအမိကကဲလွန်းသဲလွန်း
တာအမှန်၊သမီးဖြစ်သူကလည်းသူ့Mommy
မခေါ်တာနဲ့ငိုချတက်သလိုပြီးရင်ငိုတာသူမဟုတ်
တဲ့အတိုင်းတခစ်ခစ်နဲ့ပေ၊ဆည်းဆာကတော့
မနက်မိုးလင်းတာနဲ့ထိုအသံပေါင်းစုံတီတီတာတာ
အမြဲပြောနေတဲ့သမီးလေးကြောင့်ရောလိုတာ
မရှိလောက်အောင်အစစအရာရာဂရုစိုက်ပေးပြီး
ချစ်ပေးတဲ့သွန်းကြောင့်ပါအမြဲစိတ်ချမ်းသာ
ရသည်၊အချိန်တွေကုန်လို့ကုန်မှန်းမသိလိုက်ပေ၊
သမီးလေးတောင်၉လကျော်နေလေပြီ၊

ရေသူမလေးရဲ့ချစ်သက်သေWhere stories live. Discover now