Part.18

870 104 8
                                    

Unicode

"ဘာချက်နေတာလဲဟင်"

ရွယ်ဇင်မီးဖိုချောင်မှာချက်ပြုတ်နေတုန်း
အနောက်ကနေစကားပြောသံကြားတာကြောင့်
လှည့်ကြည့်လိုက်တော့ဆည်းဆာ။

"အာ..ဟင်းချက်နေတာပါ..ဆည်းဆာဘာများ
လိုအပ်လို့လဲ..ပျိုလုပ်ပေးမယ်လေ"

"ဟိုဘာမှမလိုအပ်ပါဘူး..ဒီတိုင်းပျင်းလို့အောက်
ကိုဆင်းလာတာပါ"

ဆည်းဆာကိုရွယ်ဇင်ပြုံးပြလိုက်ကာအရှေ့က
ဟင်းအိုးကိုအာရုံပြန်စိုက်လိုက်သည်၊ရွယ်ဇင့်
အနေနဲ့မမလေးပန်ရဲ့အချစ်တွေဂရုစိုက်မှုတွေကို
ရထားတဲ့ဆည်းဆာကိုမမုန်းပါ၊အမြင်ကပ်တာ
မျိုးလည်းမရှိခဲ့..ရွယ်ဇင့်မရတဲ့အချစ်တွေကို
မမလေးပန်စီကနေဆည်းဆာကရလို့ရွယ်ဇင်
အားကျယုံသာရှိပါသည်၊ဘယ်သူ့ကိုမှလည်း
အမုန်းတရားတွေမထားချင်သလိုဘယ်သူဒုက္ခ
ရောက်တာမှမလိုချင်ပါ။

"ဗွမ်း!"

"ဆည်းဆာ!!"

"အင့်!"

အတွေးလွန်နေရင်းနဲ့လက်ထဲကရေခွက်ကိုအပြင်
ပက်လိုက်ရာကနေဆည်းဆာကိုသွားပက်မိတာ
ကိုလက်ပန်ကမြင်လိုက်တာကြောင့်အမြန်ပြေး
ကဆည်းဆာကိုဆွဲဖက်ပြီးကိုယ်စားဝင်ခံပေး
လိုက်ရလို့တော်သေးသည်၊ဒါပေမဲ့ခြေထောက်
အောက်ဖျားကိုတော့ရေစိုသွားတာကြောင့်

"ကြွေရုပ်လေး!!သွားတော့လေအခန်းထဲကို!"

"ဟု..ဟုတ်ကဲ့!''

ဆည်းဆာရေစိုသွားတာကြောင့်'မမ'အခန်းထဲကို
အမြန်တက်ပြေးရလေတော့သည်၊ခြေထောက်
တွေကနေအမြီးကြီးပြောင်းသွားရင်အကုန်ဒုက္ခ
ရောက်ကုန်မှာမလား..ဘာပဲဖြစ်ဖြစ်လက်ပန်
ကွယ်ပေးလိုက်လို့တော်သေးသည်၊

ဆည်းဆာအပေါ်ရောက်သွားပြီဆိုမှလက်ပန်
ရွယ်ဇင့်ဘက်ကိုဒေါသမျက်ဝန်းတွေနဲ့စိုက်ကြည့်
ရင်း

"မင်းအလုပ်ကိုဘယ်လိုလုပ်နေတာလဲ!!ဟမ်!!
ဆည်းဆာကိုထိသွားရင်ဘယ်လိုလုပ်မလဲ!!
တောက်!!အလုပ်ကိုအာရုံမရှိရင်လည်းအိမ်ကနေ
ထွက်သွားလိုက်!!"

"ရေနဲ့မတော်လို့..ပက်မိတာပါမမလေး!ပျိုတမင်
ဖြစ်ပါစေဆိုတဲ့စိတ်နဲ့လုပ်ခဲ့တာမဟုတ်ဘူး..
မမလေးသူ့ကိုအဲ့လောက်ချစ်နေလို့မထိခိုက်စေ
ချင်ဘူးဆိုတာမှန်ပေမဲ့တစ်ချက်လောက်...
မမလေးအနောက်ကိုလှည့်ကြည့်ပါအုံး..အမြဲ
အနစ်နာခံပြီးချစ်နေတဲ့သူရှိတယ်ဆိုတာ!!မြင်
လာလိမ့်မယ်..ပျိုလည်းနာကျင်တက်တဲ့
အသည်းနှလုံးရှိတယ်ဆိုတာမှတ်ထား!!"

ရေသူမလေးရဲ့ချစ်သက်သေWhere stories live. Discover now