Part.10

1K 121 1
                                    

Unicode

ညလယ်လောက်ရောက်တော့အအေးဓာတ်က
သိသိသာသာပိုတိုးလာတာကြောင့်‌အင်္ကျီလက်
ရှည်အမဲရောင်ကိုထုတ်ကာထပ်ဝတ်ထားလိုက်မိ
သည်၊ညအချိန်မှာသာနေတဲ့လမရှိသလိုတဝင်း
ဝင်းနဲ့ရင်အေးဖွယ်ရာကြယ်တွေလည်းမရှိပေ။
ဖုန်းကိုအောက်ပြန်ချကာကောင်းကင်ကိုထပ်ပြီးမော့ကြည့်မိတော့
တစ်ကယ်ပဲတိမ်တိုက်တွေမဲနက်နေပြီးကြယ်
တွေမရှိ၊ဖုန်းကိုကိုင်ကာသင်္ဘောအပြင်ဘက်ကိုထွက်လာလိုက်တော့လေနုအေးအေးလေးတွေ
ကအေးချမ်းပါဘိ၊ထို့နောက်ထိုလေတွေကိုအပြည့်အဝရှူရှိုက်ချင်တဲ့စိတ်ဖြစ်လာတာ
ကြောင့်ခုနကထပ်ဝတ်ထားတဲ့အင်္ကျီအမဲရောင်
ကိုချွတ်လိုက်ပြီးဘယ်မှာထားရမှန်းမသိ၊ဒီတိုင်းချထားလို့လည်းမကောင်းတာကြောင့်ဘေးကကျော်ပိုးအိတ်ကိုယူကာထည့်ထားလိုက်သည်၊

"ဝေါ...ဝေါ!!ဝုန်း!!"

ချက်ချင်းကြီးလှိုင်းသံတွေတဝေါဝေါနဲ့ရိုက်ခတ်
လာကာမိုးသံလေသံတွေနဲ့ဆူညံသွားတဲ့ပင်လယ်
ကြီးကခုနကအေးချမ်းဖွယ်ရာရပ်ဝန်းနဲ့တစ်ခြားစီ
ပေ၊

"ဝုန်း!!..ဝေါ!!ဝုန်းး"

အခြေအနေတွေပိုဆိုးလာလေတော့လှိုင်းလုံး
အကြီးကြီးတွေကမြင်ရသူဖို့ကြောက်မက်ဖွယ်ရာ
အတိ၊အရှိန်အဟုန်ခပ်ပြင်းပြင်းနဲ့သင်္ဘောကို
ရိုပ်ခတ်ချင်ပုံ၊ဘေးမှာလည်းမုန်တိုင်းအစပျိုးမှု
ကြောင့်အပြင်ထွက်ပြီးလေညှင်းခံနေတဲ့လူတစ်
ချို့‌အပြေးအလွှားပြေးဝင်နေကြပြီးလုံခြုံရေး
တစ်ချို့ကလည်းဟိုပြေးဒီပြေးနဲ့ပြာယာခတ်နေ
ကြလေသည်၊မိုးတွေတဝေါဝေါနဲ့ရွာချကာ
လေတွေကလည်းအကြမ်းပတမ်းဆောင့်တိုက်
တာမို့လူပါလွင့်ချင်သည်၊သွန်းလည်းရုတ်တရက်
ကြီးဖြစ်နေတဲ့အခြေအနေကိုနားမလည်စွာရပ်
ကြည့်နေပြီးမှအသိဝင်တော့လှိုင်းလုံးအကြီးကြီး
ကြောင့်သင်္ဘောအနည်းငယ်လှုပ်ရမ်းသွားတာ
မို့လက်တန်းကိုအမြန်ကိုင်လိုက်ရသည်။
ကြောက်ရွံ့မှုနဲ့အတူအန္တရာယ်ကင်းအောင်အထဲ
ကိုဝင်ရမယ်ဆိုတဲ့စိတ်နဲ့ဘေးကကျောပိုးအိတ်
အားကောက်လွယ်ကာသွားမလို့လုပ်တော့
လေကအရှိန်ဟုန်ပြင်းပြင်းနဲ့ဆောင့်‌တိုက်လေ‌
တော့သွန်းလက်တန်းကိုလွှတ်လို့မရလက်တန်း
ကိုလွှတ်တာနဲ့သွန်းကိုယ်ကလေနောက်ကိုပဲပါ
မလားမသိရတဲ့အခြေအနေမို့၊အခုမှပဲလုံခြုံရေး
တွေကဒီဘက်ကိုမလာတော့ဘူး၊နောက်ဆုံး
စိုရွှဲနေတဲ့အင်္ကျီတွေကိုခါကာလက်ကိုင်တန်းကို
လွှတ်ပြီးအထဲကိုဝင်ပြေးမလို့လုပ်တော့

ရေသူမလေးရဲ့ချစ်သက်သေWhere stories live. Discover now