Part.37

1.1K 121 6
                                    

Unicode

"ဒါဆိုရွယ်ဇင့်အဖေမြင်သွားတာပေါ့"

"အင်း"

စိတ်ပျက်မှု..အားငယ်မှု..ဝမ်းနည်းမှုတစ်စုံတစ်ရာ
မရှိတဲ့လက်ပန်မျက်နှာကိုသွန်းစိုက်ကြည့်နေမိ
သည်၊ထားလက်ပန်တို့ရင်ထဲမှာသေမလောက်
ခံစားနေရလည်းမျက်နှာမှာနည်းနည်း‌လေး
တောင်ထုတ်မပြတက်ပေ၊ဒါပေမဲ့ရင်ထဲမှာတော့
ကမ္ဘာပျက်နေမှာသွန်းရိပ်မိပါသည်၊

မနက်စောစောရောက်လာတဲ့ရုပ်ကမှုန်ကုတ်ကုတ်
နဲ့ပေ၊ဘာဖြစ်လာတာလည်းမေးကြည့်တော့
ရွယ်ဇင့်အဖေကလက်ပန်နဲ့ရွယ်ဇင်ကြိုက်နေတာ
ကိုသိသွားလို့ရွယ်ဇင့်ကိုအိမ်ထဲကပေးမထွက်ဘူး
တဲ့လေ၊မနက်ဖြန်ပဲမင်္ဂလာဆောင်ရောက်တော့
မယ်၊လက်ပန်ကအေးအေးဆေးဆေးဖြစ်နေနိုင်
လွန်းသည်။

"ဘယ်လိုဆက်လုပ်မှာလဲ..လက်ပန်"

"အင်း..ပျို့ကိုခိုးပြေးမှာပေါ့"

"ဟာ!"

သွန်းမှာပါးစပ်ဟောင်းလောင်းဖြစ်သွားရသည်၊
လက်ပန်ကတစ်ကယ်တစ်ဆုံးကြီးကိုတွေးချလာ
တာပင်၊ဒါကြောင့်ဒင်းကပူပန်မှုမရှိဖြစ်နေတာကို၊
အစီအစဉ်နည်းနည်းလွဲချော်သွားရင်ပဲဖြစ်ဖြစ်
အမှားအယွင်းတစ်ခုခုဖြစ်သွားရင်ဆိုတဲ့အတွေး
လက်ပန်နည်းနည်းလေးတောင်တွေးထားပုံမပေါ်၊
သွန်းဘုရားသာတမိသည်..လက်ပန်လောက်
စိတ်ဓာတ်မာလွန်းတာလက်ပန်သာရှိသည်၊
သွန်းအရမ်းစိတ်မပူပါ..ဘာလို့ဆိုလက်ပန်ကဖြစ်
ချင်တာကိုရအောင်လုပ်ပြီးလိုချင်တာကို
ရအောင်ယူမှာသွန်းသိနေတာကြောင့်‌ပင်။

"နင်ဘယ်လိုများအေးအေးဆေးဆေးနေနိုင်
ရတာလဲ..ဟမ်!..မင်္ဂလာပွဲကမနက်ဖြန်ရောက်နေ
ပြီနော်..တစ်ခုခုလွဲချော်!"

"ဖြစ်လာမှာမဟုတ်ဘူး!..ဘာကိုလွဲချောမှာလဲ
အဲ့ဒါတွေငါမသိဘူး..တွေးလည်းမတွေးဖူးဘူး
ငါသိတာငါ့ကလေးကိုခိုးမယ်..ပျော်အောင်ထား
မယ်..ဒါပဲ"

"နည်းနည်းလောက်ရှေ့ရေးကိုထည့်စဉ်းစား
စမ်းပါ..နွားရဲ့!!"

သွန်းဒေါသထွက်လာတာကြောင့်အရှေ့က
လက်ပန်အားပိတ်အော်လိုက်တော့ငြိမ်ကျသွား
လေသည်၊စားပွဲခုံကိုလက်နဲ့တတောက်တောက်
ခေါက်နေကာသွန်းကိုပြန်မော့ကြည့်လာပြီး

ရေသူမလေးရဲ့ချစ်သက်သေWhere stories live. Discover now