Part.29

1K 113 0
                                    

Unicode

လက်ပန်ရှာနေတာကိုရပ်လိုက်ပြီးသေနတ်ကို
ဆွဲထုတ်လိုက်ကာဘေးပတ်ဝန်းကျင်ကိုလိုက်
ကြည့်‌နေမိသည်၊နင်တို့နှစ်ယောက်လုံးဒီထဲမှာရှိ
တာသေချာတယ်၊ငါအားလုံးကိုအဆုံးသတ်ပေး
မယ်သွန်း၊

"ပူတူး!မမမင်းကိုချစ်တယ်နော်..ဘာပဲဖြစ်လာ
ဖြစ်လာထွက်မလာရဘူးနော်"

"အစ်မသွန်း..ဘာဖြစ်လို့လဲဟင်"

"ပူတူးနားလည်စရာမလိုဘူးနော်.မမပြောတာကိုပဲ
နားထောင်..ဘာသံကြားကြားလုံးဝထွက်မလာနဲ့
အားလုံးပြီးသွားမှာ..ပူတူးလည်းအိမ်ပြန်ရမယ်
မမလည်းထွက်သွားရမယ်..ဟုတ်တယ်မလား
ဒါကြောင့်မို့ဒီနားလေးမှာပဲခဏလောက်နေနော်"

"အစ်မသွန်း!"

ဆည်းဆာစိတ်ထဲမှာမ‌ကောင်းတာတစ်ခုခုဖြစ်
လာတော့မဲ့အတိုင်းလေးပင်နေပါသည်၊
အစ်မသွန်းရဲ့မျက်ဝန်းတွေကနာကျင်ရိပ်သန်းနေ
ပြီးတစ်ခုခုကိုစိတ်ပူနေပုံပင်။

"စကားနားထောင်ပါ..နောက်ဆုံးအကြိမ်ပဲလေ
ဒီတစ်ခါတော့နားထောင်မယ်မလား..ဟင်
ကောင်းကောင်းအသက်ရှင်သွားနော်..မမ'မင်းကို
ချစ်တယ်သိလား"

ဆည်းဆာနဖူးကိုဖွဖွလေးဖိနမ်းပြီးသွန်းထွက်
လာခဲ့ပါသည်၊အကောင်းဆုံးဖြစ်အောင်လုပ်မှာ
မို့လို့ငါ့ကိုသတ်ပစ်လိုက်လို့ရတယ်လက်ပန်။

"ဇင်ယော်သွန်း!!နင်ဒီထဲမှာရှိတာငါသိတယ်နော်"

"လက်ပန်"

အနောက်ကအသံကြားတာကြောင့်လက်ပန်
လှည့်ကြည့်တော့သွန်းမှသွန်းအစစ်ပေ၊ဘေးမှာ
ကြွေရုပ်လေးကမရှိ၊ငါ့ကိုအတိတ်နဲ့တထပ်တည်း
ကျအောင်လုပ်ပြစေချင်နေတာပဲ။

"ဟက်..ကြွေရုပ်လေးဘယ်မှာလဲ..နင်ကငါနဲ့
လက်ထပ်တော့မဲ့ငါ့အပိုင်ကိုခိုးပြေးရဲတယ်ပေါ့
နင်ဖြေစမ်း!!ကြွေရုပ်လေးရောလို့"

"ငါခိုးပြေးလာတာမဟုတ်ဘူးလက်ပန်..အခုလို
ရှင်းပြနေတာသေဖို့သွေးကြောင်နေလို့မဟုတ်ဘူး
ငါအမှန်ကိုရှင်းပြတာ"

"ဟားဟားဟား!..ရယ်စရာကောင်းလိုက်တာသွန်း
ရယ်..သွေးမကြောင်ဘူးဆိုလည်းသေလိုက်တော့
ငါ့ဘဝမှာနင်မရှိမှအေးမှာ..နင်ရှိနေရင်ကြွေရုပ်
လေးကိုလုယူသွားမှာငါကြောက်နေရအုံးမှာ
အဲ့တော့နင်မရှိမှအေးချမ်းသွားမှာ"

ရေသူမလေးရဲ့ချစ်သက်သေWaar verhalen tot leven komen. Ontdek het nu