Part.12

942 124 0
                                    

Unicode

"မငိုနဲ့!!ငါမင်းကိုအန္တရာယ်မပြုပါဘူး..ယုံလိုက်
မငိုနဲ့တော့နော်..Ok"

ဆည်းဆာမယုံနိုင်စွာလူသားမိန်းကလေးကိုရေ
ထဲကနေသာပြန်ကြည့်မိသည်အမြီးကိုဖြန့်ကာ
ရေထဲကနေမော့ကြည့်နေတဲ့ရေသူမလေးနဲ့ကမ်း
ပေါ်မှာဒူတစ်ဖက်ထောက်ကာကြည့်နေတဲ့လူသား
မိန်းကလေးရဲ့ပုံစံကဘေးကနေဓာတ်ပုံနဲ့မှတ်တမ်း
ယူချင်စရာကောင်းလှအောင်လှနေလေသည်။

"ပြန်တက်ခဲ့နော်"

သွန်းကိုခေါင်းခါပြလာတာကြောင့်ကိုယ့်ကိုကိုယ်
သာအပြစ်တင်မိသည်၊တစ်ကယ်သိချင်စိတ်‌
ကြောင့်လုပ်လိုက်မိတာပင်၊အခုလူလို့ထင်နေတဲ့
မိန်းကလေးကရေသူမလေးမှန်းသိလိုက်ရတော့
သွန်းအရမ်းအံ့ဩသွားခဲ့ယုံသာ။

"ဘာလို့လဲ..ငါ့ကိုစိတ်ဆိုးသွားတာလား"

ထိုသို့ပြောတော့လည်းခေါင်းကိုဖြေးဖြေးလေး
ခါပြလေသည်၊သွန်းစိတ်မရှည်စွာကမ်းပေါ်မှာ
ဒူထောက်ထိုင်နေရာကနေမတ်တပ်ရပ်လိုက်ပြီး
ရေထဲကိုခုန်ချလိုက်တော့သည်။

"ဗွမ်း!!"

အောက်ဘက်မှာနင်းစရာမြေကြီးမရှိတာကြောင့်
မြုတ်သွားပြီးပင်လယ်အောက်ခြေကိုနစ်ဝင်သွား
တာကြောင့်ခြေထောက်ကိုလှုပ်ရမ်းကာအပေါ်ကို
ပြန်တက်နေတုန်းအခုမှဆစ်ကနဲနာလာတဲ့ထိခိုက်
မိထားတဲ့ခြေထောက်ကလှုပ်လို့မရအောင်ဖြစ်နေ
တာကြောင့်သွန်းရေမကူးနိုင်တော့ပေ၊အောက်ကို
မရောက်သွားအောင်လက်တွေကိုအစွမ်းကုန်ရမ်း
ကာကူးခတ်မိတော့သည်။

ထို့နောက်အရှေ့ဘက်ကနေသွန်းစီကိုကူးခတ်
လာတဲ့အရိပ်ငယ်လေးကြောင့်ကြောင်ရက်သား
ကြည့်နေမိသည်၊စိမ်းပြာရောင်ဆံပင်လေးတွေက
အနောက်ကိုရိမ်းထွက်နေပြီးခန္ဓာကိုယ်ကိုအချိုး
ကျစွာလှုပ်ရမ်းပြီးကူးခတ်နေတာပင်၊အဖျား
ဘက်ကအမြီးကရေအောက်မှာတစ်ဖျပ်ဖျပ်လှုပ်
ခါနေပုံကအကြည့်မလွှဲချင်စရာ၊ခန္ဓာကိုယ်ကို
တစ်ခါရိမ်းလိုက်တာနဲ့ကောက်ကြောင်းလေးက
ထင်းထွက်လာကာခါးသွယ်သွယ်လေးကလည်း
အတိုင်းသားမြင်နေရလေသည်၊စိမ်းပြာရောင်
အောက်ပိုင်းအကြေးခွံတွေကအသားအရေဖွေး
ဖွေးလေးနဲ့လိုက်ဖက်စွာတည်ရှိနေပြီးရေထဲက
အလှနတ်သမီးလေးပေ။

ရေသူမလေးရဲ့ချစ်သက်သေWhere stories live. Discover now