Part.11

971 124 4
                                    

Unicode

အကြည့်တွေကိုဆည်းဆာဘက်ကနေအရင်လွှဲ
လိုက်တော့ထိုလူသားကအသံထွက်အောင်ရယ်
လေသည်၊ရယ်တဲ့အသံကမထိတထိလှောင်တာ
လိုလိုနဲ့ကတ်သီးကတ်ဖဲ့နိုင်လှပါသည်၊

"အဟမ်း!ဘာပဲဖြစ်ဖြစ်ငါ့ကိုကူညီပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်"

သွန်းထိုသို့ပြောလိုက်တော့မျက်လုံးဝိုင်းလေး
တွေနဲ့ပြန်လှည့်ကြည့်ပြီး

"မလိုဘူး"

"ငါ့နာမည်မှတ်ထားအုံးဇင်ယော်သွန်းတဲ့"

"အင်း"

အသံလေးကဘုဆတ်ဆတ်လည်းမနိုင်သလို
သာယာကြာလင်နေတာမျိုးလည်းမဟုတ်။

"ဒါနဲ့မင်းကဒီကိုဘယ်လိုရောက်နေတာလဲ
သင်္ဘောပေါ်ကပြုတ်ကျတာမဟုတ်ဘူးဆိုရင်
ဘယ်လိုရောက်"

"ဒီမှာနေတာဒါကကျွန်မအိမ်"

"ဒီဂူထဲမှာနေတာလား"

"ဟုတ်တယ်"

ဆည်းဆာအဖြေကြောင့်သွန်းမျက်ခုံးတစ်ချက်
ပင့်လိုက်မိသည်၊ဘယ်လိုလူကဒီဂူထဲမှာနေမှာလဲ
နေရောနေနိုင်ကြရဲ့လား၊

"ခြေထောက်ထိထားတယ်မလား"

သွန်းခြေထောက်ကိုမေးငှော့ပြီးမေးလာတာ
ကြောင့်ခေါင်းကိုအသာလေးငြိမ့်ပြရင်း

"အရမ်းမဆိုးပါဘူးတစ်ရက်နှစ်ရက်ဆိုလမ်းပြန်
လျှောက်နိုင်မှာပါ"

ထိုအခါဘာမှမပြောတော့ပဲထထွက်သွားတဲ့
ကောင်မလေးကြောင့်သွန်းအမြန်မေးလိုက်ရ
တော့သည်။

"ဟိတ်!မင်းဘယ်သွားမလို့လဲ"

"စားဖို့တစ်ခုခုသွားရှာမလို့လေ"

ပြန်ဖြေတော့လည်းသာသာယာယာ၊ဒီလိုပင်လယ်
နဲ့ဆက်စပ်နေတဲ့နေရာမှာဘယ်လိုစားစရာများ
ရှိပါသနည်း။

"ဒီထဲမှာဘာမှမရှိလောက်ဘူးလေ"

"အင်း..ဒါပေမဲ့ငါးတွေရှိတယ်စားမလား"

"ဟင်..မင်းမှာငါးတွေရှိတာလား"

"ဟင့်အင်းမရှိပါဘူး..ရှာရမှာ"

ဘယ်လိုများရှာမလို့လဲ၊မိန်းကလေးဖြစ်ပြီး
ရေငုတ်ပြီးရှာမလို့လား။

ရေသူမလေးရဲ့ချစ်သက်သေWhere stories live. Discover now