Part.24

917 106 0
                                    

Unicode

အခန်းထဲကဆိုဖာပေါ်မှာထိုင်နေတဲ့သွန်းနဲ့
ဆည်းဆာကိုလက်ပန်ချောင်းကြည့်နေမိသည်၊
အဓိက..ကတော့သွန်းကိုပေါ့.သွန်းလည်းလက်ပန်
လိုတစ်ခုခုမှတ်မိနေမယ်လို့ထင်တယ်၊ဒါကြောင့်
ချောင်းကြည့်နေတယ်ဆိုပါစို့။

"အစ်မသွန်းကနယ်ဘက်ကိုဘာကိစ္စနဲ့သွားတာ
လဲဟင်"

"ဟို..အသိတစ်ယောက်အကူအညီတောင်းထား
တာလေ..အဲ့ဒါသွားလုပ်ပေးတာပါအရေးမကြီး
ပါဘူး..ပူတူးရဲ့"

သွန်းရဲ့ပူတူးလို့ခေါ်လိုက်သံအဆုံးပြုံးသွားတဲ့
လူနှစ်ဦးရှိခဲ့လေသည်၊အဲ့ဒါကတော့ဆည်းဆာနဲ့
လက်ပန်ပင်ဖြစ်သည်၊ပြုံးတာခြင်းတူပေမဲ့
အဓိပ္ပါယ်ခြင်းတော့မတူခဲ့ပေ၊ဆည်းဆာက
ကျေနပ်သလိုရှက်ပြုံးလေးပြုံးနေခဲ့ပေမဲ့လက်ပန်
ကတော့မဲ့ပြုံးကိုသာပြုံးခဲ့တာပင်။

နင်လည်းမှတ်မိနေပြီဇင်ယော်သွန်း၊စိတ်မကောင်း
ပေမဲ့ဒီဘဝမှာလည်းငါဗီလိန်လုပ်ရအုံးမယ်ထင်
ပါရဲ့၊ဘာလို့လည်းဆိုတော့ကြွေရုပ်လေးရဲ့
မျက်လုံးပြာတွေကနင့်ကိုချစ်တဲ့အကြောင်းတွေ
ပုံဖော်ပြနေတာကသိပ်မုန်းဖို့ကောင်းလိုက်တာ၊

"ဟေ့!စကားကောင်းနေကြတာလား..ငါတစ်ခုခု
စားဖို့သွားဝယ်လိုက်မယ်လေ..ဘယ်လိုလဲ"

မီးဖိုချောင်ထဲကနေရုတ်တရက်ထွက်လာတဲ့
လက်ပန်ကြောင့်သွန်းကျောကတောင့်ကနဲ၊ခုနက
ပူတူးလို့ခေါ်လိုက်တာကြားသွားရင်တော့ဒုက္ခ
တွေရောက်ကုန်တော့မှာပင်၊သွန်းမရည်ရွယ်ပဲ
ခေါ်မိသွားခဲ့တာပါ..

"ခုနကပဲပစ္စည်းတွေဝယ်လာတာမဟုတ်ဖူးလား"

"အဲ့ဒါတွေက..ငါတို့စားဖို့တစ်ခုမှကောင်းတာမပါ
ဘူးလေ..နင်ရှိနေတာပဲကြွေရုပ်လေးနဲ့စောင့်နေခဲ့
ပေါ့..ငါအမြန်သွားဝယ်လိုက်မယ်"

"အင်း..သွားလေ"

လက်ပန်ထွက်သွားတော့ဆိုဖာပေါ်မှာသွန်းနဲ့
ဆည်းဆာသာကျန်ခဲ့သည်၊ဆည်းဆာအနေနဲ့
တစ်ကယ်ဒီအခြေအနေကြီးကကျောချမ်းစရာ
ကောင်းလှပါသည်၊

"အရင်တုန်းကအတိုင်းပဲ"

"ဟင်!"

"အာ..အရင်လိုပဲလှတယ်လို့"

ရေသူမလေးရဲ့ချစ်သက်သေWhere stories live. Discover now