Part.27

955 103 0
                                    

Unicode

မနက်အိပ်ရာနိုးတော့သွန်းတစ်ကိုယ်လုံးကိုက်ခဲ
နေလေသည်၊ခေါင်းတွေကတော့အဆိုးဆုံးပေါ့
ညကသောက်တာအရမ်းများသွားတာပဲ၊

"ဟယ်လိုကြွေရုပ်လေး"

အခန်းရှေ့မှာဖုန်းပြောနေတဲ့လက်ပန်ရဲ့အသံ
ကြောင့်သွန်းတံခါးကိုအနည်းငယ်ဖွင့်ဟကာ
နားထောင်နေမိသည်၊ထိုထဲမှာကြွေရုပ်လေးလို့
ပါ‌သွားတယ်လေ

/"ဟုတ်ကဲ့အစ်မလက်ပန်ဘာကိစ္စရှိလို့လဲ"/

လက်ပန်ကစပီကာဖွင့်ပြောနေတာကြောင့်
သွန်းအားလုံးကိုရှင်းရှင်းလင်းလင်းကြားနေရပါ
သည်၊

"ပန်တို့မင်္ဂလာကိစ္စအတွက်တစ်နေရာရာမှာချိန်း
ကြမလား.ဒါမှမဟုတ်ပန်မင်းကိုလာခေါ်ရမလား"

/"အစ်မလက်ပန်ပဲအိမ်ကိုလာခဲ့လိုက်ပါကျွန်မ
   အပြင်မထွက်ချင်ဘူး"/

"ဪ..ဟုတ်ပြီဒါဆိုပန်လာခဲ့လိုက်မယ်လေ
ဒါဆို..ဒါပဲနော်"

"တီ..တီ!"

ဖုန်းချပြီးတာနဲ့လက်ပန်အရှေ့ကသွန်းအခန်းကို
လှမ်းကြည့်တော့ပိတ်သွားတဲ့အခန်းတံခါး၊
မျက်နှာထက်မှာလှောင်ရိပ်တွေပါ‌နေတဲ့အပြုံး
ကိုချိတ်ဆွဲပြီးလက်ပန်ထွက်လာခဲ့ပါသည်၊
နင်လည်းကြားသွားမှာပေါ့သွန်း..နာကျင်လိုက်
စမ်းပါ..အရင်ကငါနာကျင်ခဲ့ရသလိုပဲ..ထပ်တူ
နင်နာကျင်လိုက်စမ်းပါ။

လက်ပန်ထွက်သွားတော့မှသွန်းအခန်းအပြင်ကို
ထွက်လာလိုက်သည်၊လက်ပန်သိပ်ပျော်နေမှာပဲ
အေးပေါ့လေ..သွန်းလည်းအရင်ကပူတူးနဲ့
လက်ထပ်ရမယ်ဆိုတော့သိပ်ပျော်တာ၊အခုတော့
နာကျင်ရတာသေမတက်ပဲ..အဲ့တုန်းကလက်ပန်
လည်းနာကျင်ခဲ့ရမှာပဲ..သွန်းကိုယ်ချင်းစာမိပါ
သည်၊

အခန်းသော့ခတ်ခဲ့ကာသွန်းကားငှားပြီးတစ်နေရာ
ကိုထွက်လာလိုက်ပါသည်။

----------------------------------------------------------------------
လက်ပန်အိမ်ထဲဝင်လာတော့ကြွေရုပ်လေးက
ဆိုဖာပေါ်မှာအသက်မဲ့နေသလိုမလှုပ်မရှားထိုင်
နေလေသည်၊သက်ပြင်းအသာချကာဘေးမှာ
ဝင်ထိုင်တဲ့အထိမသိသေး။

ရေသူမလေးရဲ့ချစ်သက်သေWhere stories live. Discover now