Part.39

1.2K 114 2
                                    

Unicode

ညလယ်လောက်အိပ်ပျော်နေတုန်းဗိုက်နာလာ
တဲ့ပူတူးကြောင့်သွန်းတို့ဆေးရုံကိုကြိုရောက်
နေကြလေသည်၊သွန်းဗိုက်ကမွေးဖို့တပတ်လို
သေးပေမဲ့‌ရက်စောကာပူတူးဗိုက်နာလာတာ
ကြောင့်အမေကတော့မွေးတော့မယ်လို့ပြောလေ
သည်၊ဆေးရုံရောက်တော့ရေမြွာပေါက်မှမွေးဖို့
လုပ်ရမှာမှန်ပေမဲ့သွန်းသည်တစ်စုံတစ်ရာ
နာကျင်မှုမရှိခဲ့ပေ၊ပူတူးကတော့ချွေးတွေတလုံး
လုံးနဲ့အသက်ကိုလုရှူနေတာမြင်ရတာကြောင့်
သွန်းစိတ်ပူနေရသည်၊

သွန်းဆီကနာကျင်မှုမရှိပဲပူတူးကရူးမလိုဖြစ်
နေတာကြောင့်ခြေမကိုင်လက်မကိုင်မိဖြစ်နေ
ကြလေသည်။

"ပူတူး..အဆင်ပြေလား"

"ဟင့်..အီးဟီး..ဗိုက်ကအရမ်းနာတယ်..အာ့"

ကုတင်ပေါ်မှာလူးလိမ့်ပြီးငိုနေတာကြောင့်သွန်း
မှာမျက်ရည်များကျလာရတော့သည်၊ကလေး
မွေးမဲ့သွန်းကဘာမှမဖြစ်ပဲပူတူးကအဲ့လိုဖြစ်
နေတော့သွန်းဘယ်လိုမှမကြည့်ရက်ပေ၊

"ပူတူး..အရမ်းနာနေတာလားဟင်"

"အင်း..ဟင့်..နာတယ်..အာ့!!"

အမေ့ကိုဆရာဝန်တွေဆီ‌အကြောင်းကြားခိုင်း
လိုက်ရသည်၊သွန်းမွေးချင်နေပြီလို့ပြောလိုက်
တာကြောင့်ပင်၊ပူတူးကိုကြည့်တာနဲ့သွန်းမွေးချင်
နေပြီဆိုတာသိသာနေသည်လေ၊သွန်းမှာလည်း
ဘယ်လိုပဲမနာဘူးပြောပြောပူတူးကမချိမဆန့်
ခံစားနေရတာကြောင့်မြန်မြန်ပြီးဖို့သာဆုတောင်း
မိသည်၊နာကျင်မှုဒဏ်ကိုကြိတ်မှိတ်ပြီးခံစားနေ
တဲ့ဆည်း‌ဆာဟာမျက်နှာလေးမှာဖြူဖက်နေလေ
သည်၊ဆရာဝန်တွေလာတော့ကုတင်နှစ်လုံးပေါ်
မှာကိုယ်ဆီထိုင်နေတဲ့မိန်းကလေးနှစ်ယောက်က
ကလေးမွေးမဲ့သွန်းကသာသာယာယာဖြစ်နေပြီး
တစ်ဖက်ကုတင်ပေါ်ကဆည်း‌ဆာကျတော့
ဗိုက်ကိုဖိကာငိုနေတာကြောင့်ခဏကြောင်အ
သွားကြလေသည်၊

သွန်းကိုကလေးမွေးဖို့ခွဲစိတ်ခန်းထဲရွှေ့ဖို့တင်
ပြီးတော့သူနာပြုတစ်ချို့ကအမြန်တွန်းပြီးခေါ်
ကြလေသည်၊အမေကလည်းသွန်းဘေးမှာ
လိုက်လာကာဦးလေးကဆည်းဆာဘေးမှာ
ကျန်ခဲ့လေသည်၊မင်းနာကျင်ရတာနဲ့တန်အောင်
ကလေးလေးကိုအန္တရာယ်ကင်းကင်းနဲ့ပြန်ခေါ်
လာပေးမယ်၊

ရေသူမလေးရဲ့ချစ်သက်သေWhere stories live. Discover now