Part.8

1K 129 2
                                    

Unicode

လက်ပန်ထိုအတိုင်းသာရပ်နေမိပြီးမကြာလိုက်
ထိုမျက်ဝန်းပြာပြာလေးတွေကလက်ပန်စီကို
အကြည့်ရောက်လာလေသည်၊မျက်လုံးချင်းခဏ
ဆုံမိကြတော့လက်ပန်ရင်ထဲမှာတဒုတ်ဒုတ်နဲ့
ကျယ်လောင်စွာမြည်ဟီးလျက်၊လက်ပန်ဘက်က
အကြည့်တွေကသာမြတ်နိုးမှုတွေနူးညံ့မှုတွေပါ
ဝင်နေပေမဲ့ရောင်ခြည်ကတော့ရုတ်တရက်တွေ့
လိုက်ရတဲ့လူတစ်ယောက်ကိုစူးစမ်းသလိုလေးပဲ
ကြည့်နေခဲ့တာပင်၊တော်တော်ကြာမှလက်ပန်
ကိုယ်ရှိန်သတ်ကာအ‌ရှေ့မှာထိုင်နေတဲ့ကောင်မ
လေးစီအမြန်သွားလိုက်တော့သည်။

"ဒီကညီမလေးဘာကိစ္စရှိလို့လဲ"

"ဟို..ဒါကအစ်မသွန်းရဲ့အိမ်လားဟင်"

"ဪ..ဟုတ်တယ်လေသွန်းနဲ့အသိတွေလား"

"ဟုတ်"

ခပ်ဆတ်ဆတ်လေးရယ်ပြလေတော့ပါးပြင်နုနု
လေးနှစ်ဖက်မှာချိုင့်ဝင်သွားတဲ့ပါးချိုင့်လေး
နှစ်‌ဖက်ကြောင့်လက်ပန်မှာငှေးကနဲ။

"ဒီကအစ်မက..အစ်မသွန်းနဲ့ဘာတော်တာလဲဟင်"

"ဟမ်..ဪအဲ့ဒါကသူငယ်ချင်းတွေပါ"

"အစ်မသွန်းမရှိဘူးလားဟင်"

ရောက်ထဲကသွန်းကိုပဲတောက်လျှောက်မေးလာ
တာကြောင့်လက်ပန်တွေးမိလိုက်တာကသွန်းနဲ့
တော်တော်ရင်းနှီးတာနေမယ်ဟူ၍ပေ။

"သွန်းကနယ်ဘက်ကိုခရီးထွက်သွားတယ်"

"ရှင်!"

"ဟုတ်တယ်မနေ့ကCompanyကနေပြန်ရောက်
ပြီးတော့အထုတ်အပိုးတွေပြင်ပြီးထွက်သွားတာ
ပဲအစ်မတောင်အံ့ဩနေတာအလောတကြီးထွက်
သွားလို့လေ"

လက်ပန်စကားအဆုံးအရှေ့ကကြွေရုပ်လေးငြိမ်
ကျသွားလေသည်၊

"ဟို..သူ့အမျိုးတွေရှိတဲ့စီကိုပြန်သွားတာပေါ့"

"သွန်းမှာအမျိုးတွေမရှိဘူးသူနဲ့အစ်မကအတူတူ
တွေပဲဆွေမျိုးမရှိတဲ့တစ်ကောင်ကြွက်တွေအခု
ဟာကနယ်ဘက်ကိုသွားစရာရှိလို့ဆိုပြီးထွက်
သွားတာပဲညီမလေးရဲ့"

"ဘယ်တော့ပြန်လာမလဲသိလားဟင်"

"အဲ့ဒါတော့မပြောခဲ့ဘူး..မသေချာလို့တဲ့ကြာရင်
လဲကြာနိုင်တယ်လို့တော့ပြောသွားတယ်ဒီက
ညီမလေးဘာကိစ္စရှိလို့လဲ..အစ်မသူပြန်လာရင်
ပြောပေးမယ်လေ"

ရေသူမလေးရဲ့ချစ်သက်သေWhere stories live. Discover now