Part.17

863 106 2
                                    

Unicode

"ကျစ်..ပိုက်ဆံအိတ်မေ့နေခဲ့ပြန်ပြီ..ပူတူးဒီမှာ
ခဏစောင့်နေနော်'မမ'အပေါ်မှာအိတ်သွားယူအုံး
မယ်သိလား"

"ဟုတ်"

ဆည်းဆာကိုအိမ်ပေါက်ဝမှာခဏထားခဲ့ပြီးသွန်း
အိမ်ပေါ်ကိုပြန်တက်လာလိုက်သည်၊ဒီနေ့တော့
ပူတူးကိုခေါ်သွားချင်တဲ့နေရာလေးရှိလို့သွန်း
မနက်ထဲကပြင်ဆင်ပေးထားတာပင်၊မနေ့ကဝယ်
လာတဲ့ဂါဝန်ကားကားလေးကဆည်းဆာရဲ့
ဒူးလောက်မတင်မကျလေးဖြစ်နေလေသည်၊
အသားအရေဖွေးဖွေးလေးမှာအပြာရင့်ရောင်
ဂါဝန်ကားကားလေးနဲ့သူလေးအခွန်မဆောင်
ရတိုင်းလှချင်တိုင်းလှနေတာ။

"ကြွေရုပ်လေး"

"ဟင်..အဒေါ်ကြီးဘာ..ဘာလဲဟင်"

ဆည်းဆာကလက်ပန်လာတာမြင်တာနဲ့ကြောက်
ကြောက်လန့်လန့်ဖြစ်နေတာကြောင့်လက်ပန်ရင်
ထဲမကောင်းပေ၊မနေ့ကလက်ပန်ရဲ့ပုံစံကိုမြင်ပြီး
ကြောက်သွားတယ်ထင်ပါ့။

အဒေါ်ကြီးကိုဆည်းဆာကြောက်ပါသည်၊မနေ့
ကပြောတဲ့စကားတွေကိုအလုံးစုံနားမလည်ပေမဲ့
ဆည်းဆာကိုချစ်နေတယ်ဆိုတာတော့ဆည်းဆာ
သိပါသည်၊မမနဲ့ဘယ်လိုပြိုင်ဆိုင်မှုတွေပဲရှိနေနေ
ဆည်းဆာကိုတော့ဘာမှမလုပ်လောက်ဘူးမလား

"ပန့်ကိုကြောက်နေတာ"

"ပူတူး!သွားမယ်"

လက်ပန်စကားမဆုံးခင်ဇင်ယော်သွန်းက‌အိမ်ပေါ်
ကပြန်ဆင်းလာပြီးဆည်းဆာကိုဆွဲခေါ်သွားတာ
ကြောင့်အိမ်ပေါက်ဝမှာလက်ပန်တစ်ယောက်ထဲ
သာကျန်ခဲ့တော့သည်..မင်းကိုချစ်တယ်ကြွေရုပ်
လေး..ဒါပေမဲ့အတ္တကြီးပါရစေ.မင်းကပန့်အတွက်
ပဲဖြစ်တည်လာရင်သိပ်ကောင်းမှာပဲ။

သွန်း..ပူတူးကိုကားထဲထည့်ကာလက်ပန်ကိုစူးစူး
ရဲရဲစိုက်ကြည့်ပြီးကားကိုမောင်းထွက်လာခဲ့သည်၊
သွန်းခဏလွတ်တာနဲ့အဲ့မိန်းမကပူတူးအနားကို
ကပ်ချင်နေတာ..မီးဆိုတာမလောင်ခင်တားရ
တယ်တဲ့သွန်းအတွက်ပူတူးကအရေးကြီးတာမို့
လုံးဝအထိအခိုက်မခံနိုင်ဘူး။

"အချစ်ဆိုတာဆန်းကြယ်တယ်မမလေးရဲ့
ကိုယ့်ကိုမချစ်တဲ့သူကိုမှချစ်နေမိတာလေ"

ရေသူမလေးရဲ့ချစ်သက်သေTahanan ng mga kuwento. Tumuklas ngayon