အခန်း ၁

96.3K 1.9K 24
                                    

"ဟို အကောင် အိပ်ရာမထသေးဘူးလား "

နားထဲစူးခနဲဝင်လာသည့် အမေ့အသံကြောင့် နေ မျက်ခုံးတွေကျူံ့သွားရင်းတစ်ဖက်လှည့်အိပ်ဖို့ပြင်သည်။

"အမယ်လေး ရှင်ဘုရင်လေး ထတော်မှုပါတော့ ဒီနေ့အလုပ်စဝင်ရမယ်မဟုတ်ဘူးလား အလုပ်နောက်ကျလို့ အလုပ်ထွက်လိုက်ရတာနဲ့ အလုပ်ရှင်သားကိုဆော်ပလော်တီးလိုက်လို့ အလုပ်ထွက်ရတာနဲ့ ဒီတစ်ခါတော့ ဘာနဲ့အလုပ်ထွက်ရမလဲ မသိဘူး ထ!!ထ!! မျက်နှာသစ် ထမင်းစားပြီး အလုပ်သွားဖို့ပြင်"

စကားသံတွေကဆက်တိုက်ထွက်ပေါ်လာသည်။နေ ဘယ်လိုမှဆက်အိပ်လို့မရတော့သဖြင့် ထထိုင်သည်။

"အမေကဗျာ..စောစောစီးစီး"

"ဟဲ့ ..စောစောစီးစီးလည်းပြောစရာရှိပြောရမှာပဲ "

ဒေါ်ငွေခင်က ဟင်းရွက်တွေကိုရေဖြန်းရင်းပါးစပ်ကအဆက်မပြတ်ပြောသည်။နေ က အိပ်ရေးမဝသလို ဝါးခနဲတစ်ချက်သမ်းရင်းအိပ်ရာကထသည်။နေတို့ အိမ်ကခြေတံရှည်တစ်ထပ်အိမ်လေးဖြစ်သည်။အိမ်အောက်မှာခုံတန်းလျားတွေချထားပြီး မတ်တပ်စားပွဲချထားသည်။

အိမ်ရှေ့တွင် နေ မျက်နှာသစ်သွားတိုက်နေရင်း ဘေးရှိစဉ့်အိုးကြီးထံပါးအပ်ရင်း တစ်ရေးလောက်အိပ်ရန်တွေးသည်။ညက ဟိုကောင်တွေဆီကပြန်လာပြီးမှ ဂိမ်းထပ်ဆော့လိုက်မိသည်မို့ အိပ်ချိန်ကမနက်နှစ်နာရီဖြစ်သွားသည်။

နေတို့နဲ့မျက်နှာချင်းဆိုင် အိမ်က အပျိူကြီး အိမ်ရှေ့ထွက်လာစဉ် ‌စဉ့်အိုးကြီးထံ ပါးအပ်ကာအိပ်ငိုက်နေသော နေ့ကိုမြင်လိုက်သဖြင့် မျက်လုံးတွေလက်ခနဲဖြစ်ကာ ချောင်းရန်ပြင်သည်။လက်ထဲကဆန်စကောကို ကွပ်ပျစ်ပေါ်တင်လိုက်ပြီး ခြံစပ်နားအထိတိုးလာသည်။အပျိူကြီး နာမည်ကမစံပယ်ဖြစ်ကာ သိပ်တော့မလှပေမဲ့ ဆံပင်ရှည်ထူထူကြီးနဲ့မို့ယဉ်သည်။

ဒီဆင်ခြေဖုံး ရပ်ကွက်‌လေးနဲ့မသက်ဆိုင်ဘူးလို့ ထင်ရလောက်အောင် နေက သန့်ပြန့်ချောမောသောကောင်လေးဖြစ်သည်။အသက်ဆယ့်ကိုးနှစ်သာရှိသေးပေမဲ့ အရပ်က ခြောက်ပေနီးပါးရှိသည်။တောင့်တောင့်တင်းတင်း ခန်ဓာကိုယ်၊ခပ်လတ်လတ်အသားအရည်၊ယောကျာ်းပီ‌သစွာချောမောသော မျက်နှာသွင်ပြင်နှင့် နေက စကီလေးတွေအကြိုက်ပုံစံဖြစ်သည်။ဆံပင်ကအနည်းငယ်ရှည်ကာ အမြဲ ထိပ်ကစုစည်းထားတတ်သည်။ဆံပင်တချိူ့တလေက ရှေ့သို့ပြန်ကျကာ နှုတ်ခမ်းမွှေးရေးရေးနဲ့နေ့ပုံစံကနည်းနည်းတော့ စရိုက်ဆန်သည်။

Falling In Love With My Husband.Where stories live. Discover now