အခန်း 36

10.5K 466 26
                                    

ဖုန်း မြည်သံကြောင့် နေ မျက်ခုံးကျူံ့ရင်း နိုးလာသည်။ညက ချမ်း တို့အိမ်ဘက်မှ တစ်နာရီလောက်မှ ပြန်လာခဲ့သည်မို့ နေ အိပ်နေတာ သုံးနာရီလောက်ပဲ ရှိအုံးမည်ထင်သည်။နေ ကျိန်းစပ်နေသည့် မျက်လုံးတွေကိုဖွင့်ကာ အိပ်ရာ‌ဘေးမှ ဖုန်းကိုယူကိုင်လိုက်သည်။

"Hello"

"မောင်"

ကြားလိုက်ရသည့် ချမ်း အသံလေးကြောင့် နေ မျက်လုံးကျယ်သွားရသည်။မနက်ငါးနာရီပဲ ရှိသေးသည်မို့ အမှောင်ထုတောင် ကောင်းကောင်းမပျောက်သေးပေ။ချမ်းက ဒီအချိန်ဘာလို့ ဖုန်းခေါ်တာပါလိမ့်။

"ဘေဘီ အစောကြီးနိုးနေတာလား"

"အင်း..မောင့်ကိုလွမ်းလို့..ချမ်း တို့ခဏလောက်တွေ့ကြမလား"

အိပ်ရာနိုးကာစ အသံအစ်အစ်လေးနဲ့ ချမ်းက နိုးနိုးချင်းပင် သူ့ပို့ထားတဲ့စာကိုတွေ့ပြီး ဖုန်းဆက်လာခြင်းဖြစ်မည်။ချမ်း စကားကြောင့် နေ ချက်ချင်းပင်တက်ကြွလာကာ....

"တကယ်ပြောတာလား ဘေဘီ"

"အင်း"

"ဟုတ်ပြီ..အဲဒါဆို မောင် အခု ထွက်ခဲ့မယ်နော်"

"ဟုတ်...ချမ်း အိမ်ရှေ့က စောင့်နေမယ် မောင်"

"အိုကေဗျာ"

‌နေက ဖုန်းချပြီးတာနဲ့အိပ်ရာပေါ်မှ ကမန်းကတန်းထကာ ရေချိူးခန်းဝင်သည်။မျက်နှာသစ် သွားတိုက်ပြီးသည်နဲ့ အဝတ်အစားအမြန်ကောက်ဝတ်သည်။ပြီးတာနဲ့ ဆိုင်ကယ်သော့ဆွဲကာ နေ  အမြန်ထွက်လာတော့သည်။

ချမ်း ရေချိူးခန်းဝင် မျက်နှာသစ်၊သွားတိုက်သည်။မှန်ရှေ့ ထိုင်ကာ မျက်နှာဖွေးဖွေးလေးပေါ် ခရင်မ်တစ်မျိူးလူးသည်။သုံးနေကျ lotionကို လက်ဖဝါးထဲ နည်းနည်းညှစ်ယူကာ လက်မောင်း၊လည်ပင်းပေါ် ပွတ်သပ်လူးလိုက်သည်။ဆံနွယ် အုပ်အုပ်လေးကို သပ်သပ်ရပ်ရပ်ဖြီးသင်ပြီးမှ အပေါ်က အင်ကျီလက်ရှည်ပါးပါးလေးထပ်ဝတ်ကာ ဖုန်းယူပြီး အောက်ထပ်ဆင်းလာသည်။အစောကြီးရှိသေးသည်မို့ မာမီတို့ မနိုးသေးပေ။

မီးဖိုထဲမှ မိလုံးတို့အသံကိုကြားရသည်မို့ ချမ်း လူရိပ်လူခြေကြည့်ကာ ခြေလှမ်းဖွဖွနင်းလျှောက်လာသည်။သူကို့မြင်ရင် အစ်ကိုလေး ဒီအချိန်ကြီး ဘယ်သွားမှာလဲ ဘာညာ မေးခွန်းထွက်လာနိုင်သေးသည်မို့ ဘယ်သူမှမမြင်လေ ပိုကောင်းလေပင်။ချမ်း ခြံဝသို့ ခပ်သုတ်သုတ်လေး ပြေးသွားသည်။

Falling In Love With My Husband.Where stories live. Discover now