အခန်း 23

14.4K 579 28
                                    

ချမ်း အိပ်ရာနိုးလာတော့ ရင်ခွင်ကျယ်ကြီးထဲ
ပူးကပ်ထွေးပွေ့ခံနေရလျက်။တစ်ညလုံး နှစ်ခြိုက်စွာအိပ်လိုက်ရသည်မို့ ချမ်း ကြည်ကြည်လင်လင်လေးဖြစ်နေသည်။ချမ်း မောင့်ရင်ခွင်ထဲက မရုန်းထွက်မိပဲ မောင့်မျက်နှာကိုသာကြည့်နေမိသည်။

ထူထဲသော မျက်ခုံးအစုံကိုခပ်ရေးရေးတွန့်ထားလျက်။မပွမယောင်းနှာတံချွန်၊မထူမပါးနှုတ်ခမ်းအစုံက ကျန်းမာရေးကောင်းစွာ သွေးရောင်လွှမ်းသည်။ချမ်း မျက်နှာလိုပြောင်ချောမနေပဲ ‌မောင်က နှုတ်ခမ်းမွှေးရေးရေးတွေပိုင်ဆိုင်ထားသည်။မောင်နမ်းတိုင်း ထိုနှုတ်ခမ်းမွှေးစစတွေရဲ့ ကြမ်းရှရှအထိအတွေ့ကို ခံစားရသည်။တွေးရင်း ချမ်း ထိုအထိအတွေ့တို့သတိရကာ ရင်ခုန်သံမြန်ဆန်လာသည်။

ချမ်း မောင့်ခါးကိုတင်းတင်းပိုတိုးဖက်လိုက်သည်။ခံစားလိုက်ရသည့်အထိအတွေ့ကြောင့် ချမ်း မျက်လုံးလေးပြူးကာ မောင့်ရင်ဘတ်ကိုအမြန်ကြည့်မိသည်။ထင်ထားသည့်အတိုင်း ဗလာကျင်းနေသော ကိုယ်ကြီး ကြောင့် ချမ်း ရုတ်တရက်ထိတ်လန့်သွားရသည်။ည..ညက သူတို့ဒီအတိုင်းအိပ်ပျော်သွားတာမလား။တစ်ခုခုဖြစ်သေးလို့လား။

ချမ်း လှဲနေရာမှအမြန်ထထိုင်ကာ ကိုယ့်ကိုယ်ကိုစစ်ဆေးသည်။ချမ်း ဝတ်ထားသည့်အဝတ်က ပြည့်ပြည့်စုံပင်ရှိသည်။ထိုအခါမှ ချမ်း သက်ပျင်းချနိုင်တော့သည်။မောင့်ကိုချစ်ပေမဲ့ မောင်နဲ့အတူ..ဟို..ဟိုကိစ်စလုပ်ရမည်ကိုတော့ ချမ်း အနည်းငယ်ကြောက်ရွံ့မိသည်။ချမ်းက အောက်ထပ်ကနေရမည်မဟုတ်လား။ပြီးတော့..မောင့်..မောင့်sizeကလည်း.....။

"ဝှါးးးးဘေဘီ နိုးနေပြီလား"

ချမ်း အတွေးနဲ့နပန်းလုံးနေစဉ် နေက တစ်ချက်သမ်းကာအကြောဆန့်ရင်းနိုးလာသည်။

"ဟုတ်"

ချမ်းက ခေါင်းလေးငြိမ့်ပြီးအိပ်ယာပေါ်မှ ဆင်းဖို့ပြင်လိုက်လျှင်.....

"ဘယ်သွားမှာလဲ"

"အင့်!!"

နေက ချမ်း လက်မောင်းလေးကိုဆွဲလိုက်သည်မို့ ချမ်း နေ ရင်ဘတ်ပေါ်ပြုတ်ကျသွားသည်။အိပ်ရာနိုးကာစ နေပုံစံက  ထိပ်လှန်စည်းထားသည့် ဆံပင်သည် လျော့ရဲရဲဖြစ်ကာ ဆံနွယ်တချိူ့တလေ နဖူးပေါ်ဝေ့ဝဲကျနေသည်။မျက်နှာချောချောက ပြုံးစစနဲ့သူ့ရင်ဘတ်ပေါ်ရောက်နေသည့် ချမ်း ကိုစိုက်ကြည့်နေသည်။

Falling In Love With My Husband.Where stories live. Discover now