အခန်း ၁၁

13.5K 633 12
                                    

ဆရာဝန်က စိတ်ပျက်သလို ခေါင်းတစ်ချက်ရမ်းကာ...

"လူနာမှာ နှလုံးရောဂါ ရှိနေတယ်...ခင်ဗျားတို့ မသိကြဘူးလား"

"ဗျာ!"

ဆရာဝန် စကားကြောင့် နေ အံ့ဩသင့်ကာ ဘာပြောရမှန်းတောင်မသိ။လမင်းက မျက်လုံးလေးပြူး အံ့ဩသင့်နေပြီးမှ မျက်ရည်တွေတသွင်သွင်စီးကျလာရင်း...

" ဆရာ..ဆရာ ကျွန်မတို့တကယ်မသိခဲ့တာပါ ..တစ်ခုခုလုပ်..အမေ သတိရအောင် တစ်ခုခုလုပ်ပေးပါအုံး .."

"ကျွန်တော် ဆေးသွင်းပေးထားတယ်..မကြာခင် သတိရလာပါလိမ့်မယ် "

"ကျေး‌ဇူးပါ ဆရာ"

နေ ကဆိုသည်။ဆရာဝန်က ‌ခေါင်းတချက်ငြိမ့်ရင်း...

"ခင်ဗျားတို့လူနာကို ခွဲစိတ်ကုသဖို့ အမြန်ဆုံးလုပ်သင့်တယ်..အချိန်မလွန်ခင် ကုသတာက သူ့အတွက်စိတ်အချရဆုံးပဲ"

"ဟုတ်..ဟုတ်ကဲ့ပါဆရာ"

ဆရာဝန်က ပြောပြီးအခန်းထဲကထွက်သွားသည်။လမင်းက ဒေါ်ငွေခင် ခုတင်ဘေးတွင် ထိုင်ကာ အမေဖြစ်သူလက်ချောင်းတွေကို ဖွဖွလေးဆုပ်ကိုင်ထားရင်း တိုးတိုးလေးငိုရှိုက်နေသည်။သူမက ဘယ်လိုတောင်အသုံးမကျတဲ့ သမီးပါလိမ့်။ကိုယ့်အမေ တစ်‌ယောက်လုံး နှလုံးရောဂါဖြစ်နေသည်ကိုတောင် အနီးစပ်ဆုံးဖြစ်သည့် သူမက မသိခဲ့ပေ။

နေက တံခါးဝနားက ထိုင်ခုံပေါ်တွင် စိတ်ညစ်ညူးစွာထိုင်‌ နေသည်။မျက်နှာချောချောက ရုတ်တရက်ဖြစ်လာသည့်အခြေအနေတို့ကြောင့်  နွမ်းလျလျ။အမြဲတမ်း တက်တက်ကြွကြွရှိတတ်တဲ့ အမေက နှလုံးရောဂါ ဖြစ်နေတာ သူဘယ်လိုယုံရမလဲ။ပြီးတော့ ခွဲစိတ်ကုသဖို့ကိစ်စ။သူတို့မိသားစုက ပြေပြေလည်လည်စားသောက်နေထိုင်နေနိုင်ပေမဲ့ စုဆောင်းထားသည့် ငွေက များများစားစားမရှိပေ။ဘယ်လိုအခြေအနေပဲ ဖြစ်ဖြစ်တစ်ဦးတည်းသာရှိတော့သော မိခင်အား နေ မရ ရအောင်ကယ်တင်မည်ဖြစ်သည်။

ပြီးတော့ အမေ့ဆိုင်ဖျက်ဆီးခံလိုက်ရသည်ကရှိသေးသည်။သူတို့မိသားစုကို ဘယ်လိုလူက ရန်ငြှိုးထားနေပါလိမ့်။နေ စိတ်ညစ်ညူးစွာ ဒူးနှစ်ဖက်ပေါ်တံတောင် ထောက်ရင်း လက်ဖဝါးထဲ မျက်နှာအပ်မိသည်။

Falling In Love With My Husband.Where stories live. Discover now