အခန်း ၅

18.2K 824 0
                                    

"ဦးငယ် ကျွန်တော်  လမ်းထိပ်ဆိုင် ခဏ ထွက်မလို့"

ဧည့်ခန်းထဲ ထိုင်ကာ TVကြည့်နေသည့် မြတ်မင်းက ချမ်း စကားကြောင့် ချမ်းကိုလှည့်ကြည့်လာသည်။ညအိပ်ဝတ်စုံ ပေါ်မှာhoddieလက်ရှည်လေးထပ်ဝတ်ထားသော ချမ်းကအခုမှ လောလောလတ်လတ်အပြင်ထွက်ဖို့ရှိလာပုံပေါ်သည်။အချိန်ကလည်း ညရှစ်နာရီခွဲခါးနီးနေပြီဖြစ်သည်။

"ဒီအချိန်မှထွက်မလို့လား"

"ဟုတ်တယ်..ဟို.. ကျွန် တော် ဝယ်စရာရှိလို့"

ချမ်း လိမ်ပြောရသည်မို့ စကားလုံးတွေထစ်ထစ်အအ။ဒီနေ့ နေ့အလုပ်ကနောက်ကျသည်မို့ ချမ်း တို့အပြင်မှာမတွေ့ရေပေ။ညဘက် onlineပေါ်မှာvideo chat ရင်း ချမ်း မျက်နှာလေးကိုမြင်တော့ နေ အပြင်မှာတွေ့ချင်စိတ်က ထိန်းမရသိမ်းမရ။ထို့ကြောင့် ချမ်း ကိုခဏလောက်တွေ့ရန်ဇွတ်အတင်းပူဆာတော့သည်။အခု နေ က အိမ်ရှေ့မှာစောင့်နေသည်ဖြစ်ကာ ချမ်း ဆင်းတွေ့ရန်ကြံနေခြင်းဖြစ်သည်။

"ကားယူသွားလိုက်"

"ဟုတ်!"

ဦးငယ် ခွင့်ပြုချက်ရသည်နဲ့ ချမ်း လှစ်ခနဲထွက်လာသည်။ဦးငယ်က မာမီ့ဘာပြောပြောခေါင်းငြိမ့်နာခံတတ်သည်မို့ ချမ်း ရည်းစားရှိနေတာသိရင် မာမီ့ထံလှမ်းအကြောင်းကြားလိမ့်မည်။ချမ်း အသက်မငယ်တော့သည်မို့ ရည်းစားထားတာအကြောင်းမဟုတ်ပေမဲ့ ရည်းစားကယောကျာ်းလေးမှန်း မာမီတို့သိသွားရင်ပြဿနာကသေးမှာမဟုတ်ပေ။

ခြံထဲက ထွက်လာသော ပုံရိပ်လေးကိုနေ ဆိုင်ကယ်ပေါ်ထိုင်ရင်း စိုက်ကြည့်နေမိသည်။ချမ်း က အိပ်ရာဝင်ဖို့တောင်အဆင့်သင်ဖြစ်နေပုံရကာ အပေါ်အောက်ဆင်တူ ညအိပ်ဝတ်စုံလေးတောင် ဝတ်ဆင်ထားပြီးပြီ။အပေါ်က hoddie အဝါနုလေး ထပ်ဝတ်ထားကာ ညမီးတိုင်အောက် ချမ်း မျက်နှာလေးက နူးညံ့ဝင်းမွတ်နေသည်။နေ ကတီရှပ်အနက်ရောင်ပေါ်က jean jacketထပ်ဝတ်ထားကာ အနက်ရောင် ဂျင်း ဘောင်းဘီရှည်နဲ့ဖြစ်သည်။ဆံပင်တွေက စည်းနေကျပုံစံအတိုင်းထိပ်မှာ စုစည်းထားသည်။

"ဦးငယ် အိပ်နေပြီလား"

"ဟင့်အင်း!ခွင့်တောင်းပြီး ဆင်းလာတာ"

Falling In Love With My Husband.Where stories live. Discover now