အခန်း ၈

17.6K 799 12
                                    

ဦးမြတ်မင်း ခြံထဲကားမောင်းဝင်လာတော့ ခြံထဲအလုပ်ရှုပ်နေကြတဲ့ အလုပ်သမားတွေက လုပ်လက်စတွေရပ်ကာ ခါးညွှတ်အရိုအသေပေးလိုက်ကြသေးသည်။မြတ်မင်း ခေါင်းသာ အသာယမ်းမိသည်။လူလူချင်း ဒီလောက်ဝပ်တွားခယနေဖို့မလိုဘူး ထင်သည်။သို့ပေမဲ့ ဒေါ်မေမီမင်းတို့ကတော့ ထိုသို့မှအကြိုက်ဖြစ်သည်။အိမ်ရှိအလုပ်သမားတွေ အားလုံး အိမ်ရှင်သခင်မကြီးကို မော်ပင်မကြည့်ရဲ စေအောင် နှိမ့် ချတတ်သည်။

"ဟယ်တော်..ဦးငယ် လေးက အိမ်တော်ကို ဘာလာလုပ်တာလည်းမသိဘူး"

မိလုံးက မလာစဖူးရောက်လာသော ဦးမြတ်မင်းကြောင့် အံ့ဩသင့်ကာသူဘာသာမေးခွန်းထုတ်သလိုမေးသည်။

"ကျူပ်အထင်တော့ အိမ်ထောင်ရေးကိစ်စလား....ဘယ်လို ထင်လဲ မပု!!"

ဘေးနားရှိနေသော မပုကိုပါ အဖော်စပ်လှမ်းမေးသည်။

"ဘာလာလုပ်လုပ် ညည်းနဲ့ဆိုင်လား မိလုံးရဲ့..ပန်းပင်တွေမြန်မြန်ရေလောင်း ပြီးရင် မီးဖိုဆောင်ထဲ ကြီးမြင့်ကိုသွားကူကြမယ်...ဦးငယ် ရောက်လာတော့ သူ့အကြိုက်လေးတွေဖွယ်ဖွယ်ရာရာချက်ရမယ်တော့"

"မပုလည်းနော်..တဖြည်းဖြည်းကြီးမြင့် ကြီးနဲ့တူလာပြီ..ကြီးမြင့်နဲ့တစ်လေသံတည်းပဲ"

မိလုံး‌က စပ်စပ်စုစုလေးမို့ ဒီအိမ်သားတွေနဲ့ပတ်သက်သမျှကိစ်စ အဝဝ အကုန်သိချင်သည်။အိမ်တော်သခင်မ မေမေကြီးက စပ်စုတာတွေလုံးဝမကြိုက်။မိလုံးက စပ်စုတာကလွဲ ရိုးသားပြီး သွက်သွက်လက်လက်ရှိကာ အလိုက်သိသည်မို့ ဒီအိမ်တော်မှာမြဲ နေခြင်းဖြစ်သည်။

တော်ရုံအလုပ်သမား ဒီအိမ်တော်မှာအလုပ်မလုပ်နိုင်ပေ။မေမေကြီးနဲ့ အဆင်‌ပြေဖို့က သည်းခံပါရမီ အပြည့်အဝရှိမှဖြစ်ပေလိမ့်မည်။

"ကိုမြတ်..မင်း အကြိုက်တွေက ဒီပုံစံတွေပဲလား"

ဒေါ်မေမီ မင်း မျက်နှာက မဆိုစလောက်တင်းမာနေကာ မောင်ဖြစ်သူကိုစေ့စေ့ကြည့်ကြည့်မေးသည်။

အခြေအနေရတော့ ဒေါ်မေမီ လမင်းတို့အကြောင်းကို အကုန်စုံစမ်းပြီးပြီထင်သည်။ဦးမြတ်မင်း သက်ပျင်း ဖြေးဖြေးချမိကာ...

Falling In Love With My Husband.Where stories live. Discover now