အခန်း 38

10.4K 463 24
                                    

"အဲတာဆို အဆင်ပြေသားပဲ အန်တီညွန့်"

ဒေါ်ဝါဝါညွန့်စကားကို သဘောကျစွာ ဒေါ်မေမီက ပြုံးရွှင်စွာဖြင့်ထောက်ခံသည်။

"အင်း"

ဒေါ်ဝါဝါညွန့်က ကော်ဖီခွက်ကိုသောက်ပြီး မှဖြည်းဖြည်းပြန်ချကာ ခေါင်းငြိမ့်သည်။ဒေါ်ဝါဝါညွန့် မျက်နှာထားက မရယ်မပြုံးတည်တည်တင်းတင်းပင်ဖြစ်သည်။သူမ လုပ်မည်ကိစ်စတွေက သူမ မြေးလေးဘဝကောင်းဖို့အတွက်ပင်။သားကြီးတုန်းက သူမ ဘာမှမလုပ်ပေးခဲ့ရသမျှ ဒီမြေးလေးကို အကုန်လုပ်ပေးချင်ပါသည်။အမြင့်ဆုံးထိ မြေတောင်မြှောက်ပေးချင်သည်။

ဒေါ်မေမီနဲ့ ဒေါ်ဝါဝါညွန့်  သီးသန့်ခန်းတစ်ခုမှာ ရောက်နေတာဖြစ်သည်။

"မဂ်လာပါ ဘွားဘွား...မဂ်လာပါ အန်တီ သမီးနည်းနည်း နောက်ကျသွားတယ် "

ထိုစဉ် အခန်းထဲ သွက်လက်လှပသည့် ကောင်မလေး တစ်ယောက်ရောက်လာသည်။ရောက်ရောက်ချင်းပင် ထိုကောင်မလေးက ဒေါ်ဝါဝါညွန့်နဲ့ ဒေါ်မေမီအား ရိုရိုသေသေ ခါးညွတ်ကာ နှုတ်ဆက်စကားဆိုသည်။

"ရတယ်..သမီး ထိုင်လေ"

"ဟုတ်ကဲ့...အန်တီ"

ဒေါ်မေမီက ပြောတော့ ထိုကောင်မလေးကအပြုံးလေးဖြင့် ခေါင်းငြိမ့်ရင်း ဆိုဖာပေါ်ဝင်ထိုင်သည်။waiterတစ်ယောက် အခန်းထဲရောက်လာကာ ထိုကောင်မလေး အတွက် ကော်ဖီလာချပေးသည်။ပြီးတာနဲ့ တိတ်ဆိတ်စွာပင် waiter လေးကအခန်းထဲက ချက်ချင်းပြန်ထွက်သွားသည်။

"အဘွားစီစဉ်တဲ့ ကိစ်စ သမီးတာဝန်ယူနိုင်တယ်ဆိုတာ သေချာတယ်နော် ဆူးငယ်"

"သေချာပါတယ် ဘွားဘွား...သမီး ‌သေချာတာဝန်ယူနိုင်ပါတယ်"

ဆူးငယ်က သူမကိုသူမ ယုံကြည်ချက်ရှိစွာ ပိုင်ပိုင်နိုင်နိုင်ဆိုသည်။ဒေါ်မေမီက ဆူးငယ်ကို သေချာအကဲခတ်ကြည့်နေသည်။သေးသွယ် လှပသည့် ထိုကောင်မလေးက ငယ်သေးသည်ဆိုပေမဲ့ လည်ဝယ်ကာ သွက်သွက်လက်လက်ပုံစံလေးဖြစ်သည်။ဒေါ်ရိုစီဆူးရဲ့ မြေးမဆိုတော့လည်း ဒေါ်ရီုစီသွေးအပြည့်ပါမှာပင်။‌သူမတို့ စီစဉ်သည့် ကိစ်စကို အောင်မြင်အောင် ဆောက်ရွက်နိုင်ဖို့ မျှော်လင့်ပါသည်။ဒေါ်ဝါဝါညွန့်ကိုယ်တိုင်ရွေးချယ်ထားသူဆိုတော့ ယုံကြည်ရလောက်ပါသည်။

Falling In Love With My Husband.Where stories live. Discover now