အခန်း 45

14.7K 624 32
                                    

"ဟာ...CEOနေ..ရောက်လာပြီ...ကြွပါ...ကြွပါ ခင်ဗျ"

နေ ပွဲထဲရောက်လာသည်နဲ့ မွေးနေရှင် ဦးထွဋ်ခေါင်က နေ့ နားရောက်လာကာ ပြာပြာသလဲ ကြိုဆိုသည်။နေ ကနက်ပြာရောင် suitဝတ်ဆင်ထားကာ ဆံပင်တွေကို အပြောင်သိမ်းလှန်ထားပြီး ခြေတံရှည်တွေဖြင့် လျှာက်လှမ်းလာသည်။နေ့ အတွင်းရေးမှူးကိုသက်က နေ့ နောက်က ထက်ကြပ်မကွာ လိုက်သည်။ဦးသူက အလုပ်ထွက်ကာ အနားယူချင်ပြီ ဟုဆိုလာသဖြင့် နေ ကြည်ကြည်ဖြူဖြူပဲ အလုပ်ထွက်ခွင့်ပေးခဲ့တာဖြစ်သည်။ဦးသူ နေ ရာမှာ နေ့ စိတ်တိုင်းကျ အတွင်းရေးမှူးကိုသက်ကို ရွေးချယ်ခန့်ခဲ့သည်။ကိုသက်က တစ်ခါတစ်လေ အူကြောင်ကြောင်နိုင်တတ်ပေမဲ့ အလုပ်ကိုလေးစားကာ ယုံကြည်ရပေသည်။

ပွဲက စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သည့် ဦးထွဋ်ခေါင်ရဲ့ အသက်ငါးဆယ်ပြည့် မွေးနေ့ အခမ်းအနားဖြစ်သည်။မွေးနေ့ပွဲ ဆိုသည်ထက် မျက်နှာကြီး စီးပွားရေး လုပ်ငန်းရှင်များကို မိတ်ဖွဲ့လို၍ ခမ်း ခမ်းနားနားကျင်းပခြင်းဖြစ်သည်။နေ အစက ဒီပွဲကို တက် ရောက်ရန် စိတ်ကူးမရှိသော်လည်း မြတ် companyမှ ဦးကောင်းမြတ်ကိုယ်စား သား ဖြစ်သူ ချမ်း မြေ့ရောင် တက်ရောက်မည်ဟူ ၍သတင်းကြားကာ နေ ရောက်လာခြင်းဖြစ်သည်။တကယ်လည်းပဲ ချမ်း တက်ရောက်သည်ဖြစ်ပြီး နေ ရောက်လာတော့ ချမ်း က စားပွဲဝိုင်းတစ်ခုမှာ စီးပွားရေးလုပ်ငန်းရှင် အချိူ့နဲ့ ဝိုင်းဖွဲ့ စကားပြောနေသည်ကို တွေ့ ရသည်။နေ ထိုဝိုင်းသို့ လျှောက်လာလိုက်သည်။

"CEO နေပဲ...CEO..ဒီမှာ လာထိုင်ပါ..ထိုင်ပါဗျာ့"

နေ ကို့မြင်သည်နဲ့ အချိူ့က ထနှုတ်ဆက်ကာ နေရာဖယ်ပေးသည်။နေ ရောက်လာသည်နဲ့ ချမ်း ကျောလေးမတ်သွားမိကာ မျက်နှာပူလာသလို ခံစားရသည်။သူနဲ့အတူတူ တစ်ဝိုင်းတည်း ထိုင်ရမှာလား။ဒယ်ဒီ နေ သိပ်မကောင်း၍ ချမ်း ဒယ်ဒီ့ ကိုယ်စား ဦးထွဋ်ခေါင် မွေးနေ့ပွဲ တက်ဖို့ဖြစ်လာတာဖြစ်သည်။သား ကတော့ သူ့ဘွားဘွားကြီးနဲ့အတူ အိမ်မှာကျန်နေခဲ့သည်။သားက တစ်နေကုန် သူ့ဘာသာဆော့နေတတ်ပြီး အိပ်ချိန်လောက်ပဲ ချမ်း နားကပ်တာ မို့ ချမ်း သားကိုချန်ထားခဲ့ရလည်း ကိစ်စ တော့သိပ်မရှိပါ။

Falling In Love With My Husband.Where stories live. Discover now