အခန်း 42

11.1K 474 34
                                    

"အန်တီ...ချမ်းနဲ့ခဏလောက်ပဲ တွေ့ပါရစေ..ကျွန်တော် တောင်းဆိုပါတယ်"

နေ တောင်းတောင်းပန်ပန်ဆိုပေမဲ့ ဒေါ်မေမီမျက်နှာထားတင်းတင်းက နည်းနည်းတောင်မလျော့ပေ။

"ချမ်းလေးက မင်းကိုမတွေ့ချင်ပါဘူးလို့ ငါ ပြောနေတာ ဘယ်နှစ်ခါရှိပြီလဲ နေမင်းတာရာ မင်း လူစကားနားမလည်ဘူးလား ...ဒီမှာ မင်း ပွေရှုပ်ချင်ရင် ငါ့သားကိုအရင် ကွာရှင်းပေးပြီးမှ ကြိုက်သလိုရှုပ်"

"မဟုတ်ဘူး...ကျွန်တော် အဲဒီကိစ်စ ချမ်း ကိုရှင်းပြဖို့လိုတယ်...ကျွန်တော်ဆေးခတ် ခံရတာ..ဆေးခတ်ခံရလို့ အဲဒီပုံတွေထွက်လာတာပါ"

"အဟင်း...ငါ  မင်းစကားကို ယုံမယ်ထင်နေတာလား..ကျိကျိတက်ချမ်း‌သာတဲ့ ဆူးငယ်ချိူလို သူဌေးသမီးတစ်ယောက်က မင်းလိုကောင်ကို ဆေးခတ်ပြီး အပိုင်ကြံမယ်တဲ့လား..ယုတ်တိရှိအောင် လိမ်စမ်းပါ နေမင်းတာရာ"

ဒေါ်မေမီ စကားကြောင့် နေ ဒေါသထွက်သွားပေမဲ့ မပေါက်ကွဲမိအောင်ထိန်းချူပ်သည်။သူကို့ကြိုက်သလို နှိမ် ချပါစေ။သူ အခု ချမ်း နဲ့လူချင်းကိုယ်တိုင်တွေ့ရဖို့လိုသည်။ချမ်း ယုံအောင် သူရှင်းပြဖို့လိုအပ်သည်။ဒေါ်မေမီနဲ့ နေ မြတ်ကု‌ဋေအိမ်တော်  ဧည့်ခန်းထဲတွင် စကားပြောနေကြခြင်းဖြစ်သည်။ဒေါ်မေမီရဲ့ လူယုံတော် သုံးယောက်က ဘေးတွင် ‌ထီးထီးမားမားရပ်ကာ အသင့်စောင့်နေကြသည်။ဒေါ်မေမီ အမိန့်ပေးသည်နဲ့ နေ့ကို ချက်ချင်း ခြံပြင်ဆွဲထုတ်ရန် အသင့်ရှိနေကြပုံပင်။

"အန်တီ ယုံမယုံ ကျွန်တော် စိတ်မဝင်စားဘူး...အဓိက ချမ်း ယုံဖို့ပဲ ချမ်းကိုကျွန်တော် ရှင်းပြစရာတွေ ရှိနေလို့  ချမ်းနဲ့ ခဏလေးပဲ တွေ့ခွင့်ပေးပါ အန်တီ ..ချမ်းနဲ့တွေ့ပြီးတာ ကျွန်တော် ချက်ချင်းပြန်ပါ့မယ်"

"မင်း လူစကားနားမလည်ဘူးထင်တယ်....ပြန်တော့ နေမင်းတာရာ ငါ မင်းကိုစကားပြောစရာမရှိတော့ဘူး"

ဒေါ်မေမီစကားကို ဂရုမစိုက်ဘဲ နေက ဆိုဖာပေါ်ထိုင်နေရာမှ ထကာ အပေါ်ထပ်ပြေးတက်ဖို့ပြင်သည်။

"ချမ်း!!...ချမ်း!ကြားလား ကိုယ့်ကိုခဏလောက် တွေ့ခွင့်ပေးပါကွာ"

Falling In Love With My Husband.Where stories live. Discover now