ဇာတ်သိမ်းပိုင်း

22.5K 627 47
                                    

"မာမီ...သက်သာရဲ့လား"

"သက်သာပါတယ်"

ချမ်းက ဒေါ်မေမီ ခုတင်ဘေးတွင် ထိုင်လျက်မေးတော့ ဒေါ်မေမီက ခေါင်းငြိမ့်ကာ သက်သာကြောင်းပြောသည်။မမြင်ရသည့် ကာလ အတွင်း မာမီ အနည်းငယ် ပိန်ကျသွားသည်။မာမီ့ကို ကြည့်ပြီး ချမ်း စိတ်မကောင်းဖြစ်မိသည်။

"လာပါအုံး...ငါ့မြေးလေး"

‌ချမ်း ဘေးနားတွင် ငုတ်တုတ်လေးထိုင်နေသည့် ဆန်းလေးကို ဒေါ်မေမီက သူမ နား လာထိုင်စေကာ ရင်ခွင်ထဲ ထွေးဖက်သည်။

"ဘွားဘွားကြီးက..ငါ့ မြေးကို လွမ်း နေတာ"

ဆန်းလေး ကိုယ်လုံးလေးကို တင်းတင်းတိုးဖက်ပြီး ဆန်းလေး ပါးဖောင်းလေးကို နမ်း ရှိုက်သည်။ဒေါ်မေမီ သူ့မြေးငယ်လေးကို အများကြီးလွမ်းနေခဲ့သည် ထင်ပါသည်။ထိုမြင်ကွင်းကိုကြည့်ပြီး ချမ်း မျက်ရည်ဝိုင်းလာရသည်။သူ မာမီ့ကို အကြာကြီးပစ်ထားခဲ့မိသည်ပဲ။ဆန်းလေးက သူ့ဘွားဘွားကြီး ပွေ့ဖက်နမ်းရှိုက်မှုကြားတွင် ငြိမ်ငြိမ်သက်သက်လေးရှိနေသည်။

"မာမီ...သား အသီးနွှာပေးရမလား"

"နေပါစေ...မာမီ မစားချင်ဘူး"

ဒေါ်မေမီက ပြောရင်း ချမ်းကိုကြည့်လာသည်။မမြင်ရသည့် နှစ်လသုံးလအတွင်း သား က သူ့ယောကျာ်းထံတွင် အတော်စိတ်ချမ်းသာနေပုံ ပေါ်ပါသည်။ခန်ဓာကိုယ်လေး အရင်ကထက်ပြည့်လာကာ အသားအရည်တွေကစ စိုပြည့်ကြည့်ကောင်းနေသည်။နှုတ်ခမ်းပါးတို့က စ ရဲနေလျက်။

"မင်း အဆင်ပြေနေပုံပဲ"

စကားလုံးတို့က တင်းမာသည့်တိုင် ဒေါ်မေမီမျက်နှာထက်က ညှိုးငယ်ခြင်းပုံရိပ်တို့က ဖုံးမရနိုင်ပေ။ဒေါ်မေမီ စကားကြောင့် ချမ်း မျက်နှာလေးငုံ့သွားသည်။သူ ကတော့ မောင်နဲ့အတူပျော်နေချိန် မာမီကတော့ သူနဲ့သားကို လွမ်းဆွတ်နေခဲ့လိမ့်မည်။

"ကောင်းပါတယ်...မင်း ခင်ပွန်းကရော ဒီကိုလာတော့ သဘောတူလို့လား"

"သူပါ ပါလာ ပါတယ် မာမီ...ခုတော့ companyသွားနေတယ်"

မောင်က အိမ်ထဲတောင်မဝင်တော့ဘဲ ချမ်း တို့သားအဖကိုထားခဲ့ပြီး companyတန်းသွားတာဖြစ်သည်။မာမီ့ကို သတင်းဝင်မေးစေချင်ပေမဲ့ မောင့်ကိုမြင်ကာမှ မာမီ ဒေါသကြီးလာမှာ စိုးရသေးသည်။

Falling In Love With My Husband.Where stories live. Discover now