အခန်း ၆

20.4K 817 8
                                    

စုံလင်လှသော ဟင်းပွဲတွေကိုကြည့်ရင်း လင်းမြတ်နဲ့ထက်ပိုင် မျက်လုံးပြူးသည်။ချမ်း ခေါ်လာသော စားသောက်ဆိုင်ကြီးက ကြီးကျယ်ခမ်းနားသလို အေးအေးချမ်းချမ်းရှိလှသည်။ကိုယ်ပိုင်ကားစီးကာ ကြိုက်သလိုသုံးဖြုန်းနိုင်သော ချမ်း က သူတို့ဘဝနဲ့တော်တော်ခြားနားသလိုပင်။ထက်ပိုင်က စားရမှာအားနာသည်ပုံစံနဲ့....

"ဟင်းပွဲတွေက အများကြီးပဲ..ကျွန်တော်တို့ ကုန်ပါ့မလား"

"ဟုတ်သားပဲ....ချမ်း.."

နေ က ထက်ပိုင်စကားကိုထောက်ခံပြောလာပြီးမှ ချမ်း မျက်နှာလေးကိုကြည့်ရင်းဆက်မပြောတော့ပေ။ချမ်း လို သူဌေးသားလေးက နေတို့လို ဖြစ်သလိုစားတတ်သည်မှမဟုတ်ဘဲ။နေ ပထမဆုံးအကြိမ်သိမ်ငယ်မိသလိုခံစားရသည်။

"ဘာဖြစ်လို့လဲဟင် ‌နေ ဒီဆိုင်ကိုမကြိုက်ဘူးလား"

"မဟုတ်ပါဘူး...ကိုယ် ကြိုက်ပါတယ် ချမ်း စားလေ"

"ဟုတ်"

ချမ်း ဒီဘက်ကိုရောက်လာတိုင်းဒီဆိုင်ကိုအမြဲရောက်ဖြစ်သည်။ဟင်းလက်ရာကောင်းမွန်သလို အေးချမ်းတိတ်ဆိတ်သည်မို့ ချမ်းသဘောကျသည်။

စားပွဲဝိုင်းက လူစည်ပေမဲ့ စကားသံတွေတိတ်ဆိတ်နေသည်။အစားကြီးပါသည်ဆိုသော လင်းမြတ်သည်ပင်တို့ကနန်းဆိတ်ကနန်းစားနေသည်။

"နေ့လည်စာ စားပြီး နေ အချိန်ခဏလောက်ရမလား ကျွန်တော်..shopping mallထဲခဏလောက်ဝင်ချင်လို့"

ချမ်း ပြောတော့ နေ စဉ်းစားသလို ခဏငြိမ်သွားသည်။ဆိုင်မှာ ကားပြင်စရာတွေရှိသည်မို့  သူနေ့ခင်းဘက်ခွင့်ယူ ပါကဆရာ သဘောမကျမှာသေချာသည်။အခြား အလုပ်သင်နှစ်ယောက်ရှိပေမဲ့  နေ အလုပ်ပျက်ကွက်သည်ကို ဆရာ မကြိုက်ပေ။သို့ပေမဲ့ ချမ်း တစ်ခါတစ်လေ တောင်းဆိုသည်ကိုမငြင်းပယ်ချင်သည်မို့....

"ရတယ်..ချမ်း ဝင်လေ ၊ကိုယ် နေ့ခင်းဘက် အလုပ်မသွားတော့ဘူး"

"ဟို..နေ အဆင်မပြေရင် နေ အားတဲ့နေ့ကျမှ သွားမယ်လေ"

သူ့ကိုနားလည်စွာပြောလာသည့်ကောင်လေးကြောင့် နေ သဘောကျကာ ပြုံးမိလိုက်ရင်း....

Falling In Love With My Husband.Where stories live. Discover now