အခန်း 32

10.4K 488 27
                                    

"အခန်း ခွဲအိပ်ရမယ်!..အဓိပ်ပယ်မရှိတာ"

ရှေ့တွေရိုကျိူးစွာရပ်နေသော ဒေါ်မြစကားကြောင့် နေ ဒေါသထွက်သွားရသည်။ဒေါ်မြက အစေခံခေါင်းဆောင်ဖြစ်သည်။အိမ်တော်တွင်းရှိ အလုပ်သမ အားလုံး ဆံပင်ကိုအပြောင်သိမ်းထုံးပြီး ဖြူရောင်ရင်စေ့လက်ရှည်၊လက်ပြတ်ကိုချည်လုံချည်တို့ဖြင့်တွဲဖက်ကာ တူညီဝတ်ဆင်ရသည်။

"သခင်မကြီးက အမိန့်ပါးလိုက်တာပါ သခင်လေး...နားထောင်စေချင်ပါတယ်"

နေ ကစိတ်ပျက်လက်ပျက်ဖြစ်သွားကာ ပခုံးပေါ်တင်ထားသော သဘက်ပိုင်းလေးကို မွေ့ယာကျယ်ကြီးပေါ်ပစ်‌ပေါက်သည်။ခုမှရေချိူးပြီးကာစ နေ ကခဲပုတ်ရောင် bathrobe ဝတ်စုံနဲ့ဖြစ်သည်။ရောက်ကတည်းက အဘွားနဲ့မတွေ့ရသေးပေ။နေ အရင်က နေသည့် အခန်းတွင် ချမ်းနဲ့နှစ်ယောက်အတူနေမည် တွေးထားပေမဲ့ အိပ်ချိန်ပင်မရောက်သေး အခန်းခွဲအိပ်ရမည်ဟု ဆိုလာသည်။အဘွားလုပ်ရပ်တွေ မဟုတ်သေးပါဘူး။

"ဒေါ်မြ"

"အမိန့်ရှိပါ သခင်လေး"

ဒေါ်မြက နေ့ရှေ့တွင် ခေါင်းငုံ့ကာ ရိုကျိူးစွာရပ်နေရင်း တည်တည်ငြိမ်ငြိမ်ပင်ပြန်ထူးသည်။ဒေါ်မြ ဒီအိမ်တော်မှာ အလုပ်လုပ်လာသည်မှာ သက်တမ်းကြာမြင့်လှပြီဖြစ်သည်။ကိုယ်နဲ့မဆိုင်သည့် ကိစ်စဆိုမျက်စိရှေ့ရောက်လာပါစေ ယောင်လို့တောင် လှည့်မကြည်တတ်သလို၊တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်တတ်သည်မို့ ဒေါ်မြက သခင်မကြီး လက်စွဲတော်ဖြစ်သည်။နေ ဒီအိမ်ကိုရောက်လာကတည်းက နေ ဝေယျာ‌ဝိစ်စတွေကို ဒေါ်မြပဲ လုပ်ကိုင်စေရန် သခင်မကြီးက အမိန့်ပေးထားသည်။

"ကျွန်တော်တို့က တရားဝင် လက်ထပ်ပြီးသား..တစ်ခန်းတည်း အတူတူနေလို့ရတယ်..အဲဒါကြောင့် ကျွန်တော်တို့ကိုအတူနေခွင့်ပြုပေး.."

"ဘာဖြစ်လို့လဲ မောင်"

ထိုစဉ် ချမ်းက နေနဲ့ဆင်တူbathrobeဝတ်စုံလေးဝတ်ကာ  ရေချိူးခန်းထဲကထွက်လာရင်း အခြေအနေကိုမြင်ကာ မေးသည်။

"ဒီက အကိုလေး အတွက် အခန်းပြင်ပေးထားတာရှိပါတယ်...ကျေးဇူးပြုပြီးကျွန်မ နောက်လိုက်ခဲ့ပေးပါ"

Falling In Love With My Husband.Where stories live. Discover now