အခန်း 41

10.2K 448 36
                                    

"လူကြီးမင်းခေါ်ဆိုသော ဖုန်းနံပါတ်မှာ သတ်မှတ်ချိန်အတွင်း ပြန်လည်ဖြေကြားခြင်းမရှိပါသဖြင့်................"

ခေါ်လိုက်တိုင်း ထိုအသံပဲထွက်ပေါ်လာသည်မို့ ချမ်း စိတ်ပျက်စွာ ဖုန်းကိုချလိုက်သည်။မောင် တစ်ခုခုများဖြစ်နေလို့လား။ချမ်း မှောင်မှောင်မဲမဲထဲ မောင်နဲ့တွေ့နေကျ ဒီလမ်းကြားမှာ မောင့်ကိုစောင့်နေတာ တော်တော်ကြာပြီဖြစ်သည်။မောင်က လာမည်ဟု ပြောထားလျှင် သေချာပေါက်လာမည်ဖြစ်သည်။မလာနိုင်ဘူး ဆိုလျှင်တောင် ချမ်း ကိုဖုန်းဆက်ပြီး အကျိူးအကြောင်း လှမ်းပြောလိမ့်မည်။တစ်ခုခု များဖြစ်နေတာလား။ချမ်း ‌တွေးရင်းစိတ်ပူလာရသည်။မောင်က လွဲပြီး မောင့်အိမ်က တခြားလူဖုန်းနံပါတ်လည်း ချမ်း မသိပေ။

ဖုန်း ဖွင့်ကာ အချိန်ကြည့်လိုက်တော့ ကိုးနာရီလေးဆယ့်ငါးမိနစ်။ဆယ်နာရီ တောင်ထိုးတော့မည်ဖြစ်သည်။ချမ်း ခဏလောက်ဆက်စောင့်ရန်ဆုံးဖြတ်လိုက်သည်။လေတွေ တဖြူးဖြူးတိုက်ခတ်နေကာ နေထိုင်ကောင်းသည်။မဲမှောင်နေသော ကောင်းကင်ပြင်ကြီးထက် လခြမ်းကွေးသေးသေးလေးနဲ့ ဟိုတစ်စ ဒီတစ်စကြယ်မှုန်တို့က တတ်စွမ်းသမျှ အလင်းရောင် ပေးစွမ်းနေသည်။လေအေးအေးတွေက အဆက်မပြတ်တိုက်ခတ်နေသည်မို့ ချမ်း နည်းနည်းအေးလာသလို ခံစားရကာ လက်လေးပိုက် ကိုယ်ကိုကျူံ့လိုက်မိသည်။ ခုအချိန်ထိ မောင့် အရိပ်အယောင်ကို နည်းနည်းတောင်မမြင်ရသည်မို့ ချမ်း စိုးရိမ်စိတ်ဝင်လာရသည်။မောင် ဘာမှတော့ မဖြစ်လောက်ဘူးမလား။

ထိုစဉ် အော်မြည်လာသည့် ဖုန်းသံကြောင့် ချမ်း ဝမ်းသာသွားရကာ ဖုန်း ကိုအမြန်ကိုင်လိုက်သည်။သို့ပေမဲ့ မြင်လိုက်ရသည့် contact nameက မောင် မဟုတ်ပေ။မြတ်ကို ဖြစ်သည်။ဒီအချိန်ကြီးမှ မြတ်ကို ဘာလို့ ခေါ်တာပါလိမ့်။

"Hello"

"ချမ်း!!..မင်း ဘာမှ မဖြစ်..မဖြစ်ဘူး မဟုတ်လား ၊အဆင်ပြေတယ်မလား"

မြတ်ကိုရဲ့ စိုးရိမ်တကြီး အသံကြောင့် ချမ်း နားမလည်ဖြစ်သွားရသည်။သူက ဘာဖြစ်ရမှာလဲ။

"မင်း..ဘာတွေပြောနေတာလဲ မြတ်ကို..ငါ ကဘာဖြစ်ရမှာလဲ"

"မင်း..မင်း ဟိုပုံတွေ မတွေ့သေးဘူးလား"

Falling In Love With My Husband.Where stories live. Discover now