အခန်း 19

13.4K 667 15
                                    

"သားငယ်...ကျောင်းသွားတော့မှာလား

ချမ်းအပေါ်ထပ်က ဆင်းလာသည်နဲ့ ဧည့်ခန်းထဲ စိန်ထည်‌တွေ ထည့်ထားသည့်ကမ်တီပါဘူး တွေရှေ့ချကာ ကြည့်နေသော ဒေါ်မေမီက လှည့်မေးလာသည်။ဒေါ်မေမီက ချမ်းကို အနီးကပ်သူကိုယ်တိုင် စောင့်ကြည့်နေကာ ဆိုင်တောင်မသွားတော့ပေ။တစ်ခါတစ်လေမှ သွားကာလိုအပ်တာတွေ အိမ်ကနေ ဖုန်းဆက်ညွှန်ကြားသည်။ချမ်း ကျောထက်လွယ်ထားသည့် ကျောပိုးအိတ်ကြိုးလေးကိုသာ တင်းတင်းဆုပ်ကိုင်လိုက်ရင်း....

"ဟုတ်ကဲ့...မာမီ"

"မာမီနား ခဏ...လာအုံး"

ဒေါ်မေမီခေါ်တော့ ချမ်း ဆိုဖာပေါ်သွားထိုင်လိုက်ရသည်။

"သားကို သော်ဇင် လိုက်ပို့လိမ့်မယ်....သား အတန်းဆင်းချိန်အထိ သူ စောင့်နေမှာဆိုတော့ သား ဘယ်မှသွားဖို့စိတ်မကူးနဲ့နော်....ပြီးတော့ သား ဖုန်း ကိုမာမီ့ဆီချန်ထားခဲ့"

"မာမီ!..."

"ချမ်းလေး...မာမီ့စကားနားထောင်နော်...မဟုတ်ရင် မာမီ့အဆိုးမဆိုနဲ့...မာမီ မင်းကို ကျောင်းမတက်ခိုင်းပဲ အိမ်ထဲ ပိတ်မလှောင်ထားဘူး ထင်နေတာလား"

ချမ်း ဘာမှပြန်မပြောရသေးခင်ဒေါ်မေမီက မျက်နှာထားတင်းတင်းဖြင့်ပြောလာသည်မို့ ချမ်း ဘာစကားမှထပ်မဆိုတော့။ကျောပိုးအိတ်ထဲက ဖုန်းကိုသာထုတ်ကာ စားပွဲပေါ်တင်လိုက်သည်။ပြီးနောက် ချမ်း မာမီ့ရှေ့က လှည့်ထွက်လာတော့သည်။ချမ်း မျက်နှာလေးက အနည်းငယ် စူတင်းတင်း။မာမီ ဒီလောက်ကြီးကတော့ လွန်လွန်းတယ်မဟုတ်ဘူးလား။

အိမ်ရှေ့မှာ သော်ဇင်က ‌ကား ရှေ့ရပ်ကာ အသင့်စောင့်နေသည်။ချမ်း လာတော့ ခေါင်းညွတ်ကာ အရိုအသေ တစ်ချက်ပေးပြီး ကားတံခါးဖွင့်ပေးသည်။ချမ်း ‌ကသော်ဇင်ဖွင့်ပေးသည့် ကားနောက်ခန်းမှာ ဝင်ထိုင်လိုက်သည်။
သော်ဇင်က သက်တော်စောင့်ပီပီ တစ်ကိုယ်လုံးနက်စွေးနေသည်။မျက်နှာထားကလည်း ခပ်တည်တည်ပင် ဖြစ်ကာ သိပ်တော့မချောပေမဲ့ သော်ဇင်ကခန်ဓာကိုယ်တောင့်တောင့်နဲ့ယောကျာ်းပီသသည်။

"ကိုသော်ဇင်...ကျွန်တော် မြတ်ကို ကိုဝင်ခေါ်ချင်တယ်"

ချမ်း ပြောလိုက်တော့ သော်ဇင်က ကားမှန်ကနေတစ်ဆင့် ချမ်းကိုကြည့်လာကာ.....

Falling In Love With My Husband.Where stories live. Discover now