အခန်း 47

18K 695 54
                                    

"မြေးကြီး...ပါးပါးရော..မနိုးသေးဘူးလား"

ထမင်းစားခန်းထဲ တုတ်တုတ် တုတ်တုတ်ဖြင့်ရောက်လာသည့် sunလေးအား အဘိုးဖြစ်သူက ဆီးကြိုမေးသည်။sunလေးက ထမင်းစားပွဲရှိ သူ့ထိုင်ခုံတွင် ဝင်ထိုင်ပြီးမှ....

"ပါးပါး နိုးသေးဘူး ...ဘိုးဘိုး..ကောင်ကောင်တွေ ကိုက်လို့ အိပ်နေရယ်..ပါးပါး သနားပါရယ်"

sunလေးက စိတ်မကောင်းဖြစ်နေသည့် မျက်နှာလေးဖြင့်ဆိုသည်။sunလေးနိုးလာတော့ ဘေးမှာ ‌ဘေးတစောင်းလေးအိပ်နေသည့် သူ့ပါးပါးကိုတွေ့သည်။ပုံမှန်ဆို သူမနိုးခင်း ပါးပါးက အမြဲစောနိုးတတ်ပြီး ဒီနေ့ကျမှ ပါးပါးက အကြာကြီးအိပ်နေသည်။သူ့ပါးပါး လည်ပင်းတွင် နီရဲရဲ အမှတ်ရာတွေ တွေ့သဖြင့် sunလေး သူ့ပါးပါးလည်ပင်းကို အကောင်ကိုက်သွားတယ် မှတ်နေတာဖြစ်သည်။

"ဟေ...ဟုတ်လား..နေရင်းထိုင်ရင်း ဘာကောင်ကိုက်တာတုန်းကွ"

"သားလည်း သိဘူး..ဒီနေရာမှာ အများကြီးပဲ"

sunလေးက သူ့လည်ပင်းလေးကို မော့ပြပြီး လက်ညှိုးလေးဖြင့် ထောက်ပြသေးသည်။

"မီ..မင်းသားကို သွားကြည့်အုံး...ဘာကောင်ကိုက်လို့များလဲ"

မြေးဖြစ်သူ စကားကြောင့် ဦးကောင်းမြတ် သားဖြစ်သူကို စိုးရိမ်ကာ ဆိုသည်။ဒေါ်မေမီက ကော်ဖီခွက်ကို မော့ သောက်နေရင်းမှ ပြန်ချလိုက်ရင်းမြေးဖြစ်သူဘက်လှည့်ကာ....

"ပါးပါးက နာတယ် လို့ ပြောလား မြေးလေး"

"ပြောဘူး...ပါးပါးက အိပ်နေတာကို...သားက ဗိုက်ချာလို့ အောက်ထပ်ချင်းးလာတာ"

"ဟော....ဘွားဘွားမြေးလေးဗိုက်ဆာနေပြီလား...ဘာစားချင်လဲ..နို့ သောက်မလား"

"ဟင့်အင်း..နို့သောက်ဘူး..ဟိုနေ့က ပါးပါးနဲ့အတူစားတဲ့ မုန့်ဟင်းခါး စားချင်ရယ်"

"ရပါမယ်ရှင်...မိလုံးရေ...မုန့်ဟင်းခါး ရပြီလား"

"ရပါပြီ...မေမေကြီး"

"အေး...ကလေးအတွက် ပြင်ခဲ့ပါအုံး"

"ဟုတ်ကဲ့...မေမေကြီး"

ချမ်းတို့ ကမိသားစုဝင် နည်းပေမဲ့ တစ်ယောက်တစ်မျိူး အကြိုက်မတူကြသည်မို့ မနက်စာအတွက် သုံးလေးမျိူး စီစဉ်ကြရသည်။မိလုံးက ပန်းကန်လုံးဖြူဖြူလေးဖြင့် sunလေးအတွက် မုန့်ဟင်းခါး ယူလာသည်။

Falling In Love With My Husband.Where stories live. Discover now