အခန်း 13

14.4K 656 16
                                    

"မောင်...အဲဒီမှာ နေရတာအဆင်ပြေတယ်မဟုတ်လား"

screenပေါ်မြင်နေရသည့် နေ ကခုမှရေချိူးပြီးကာစဖြစ်ဟန်တူကာ ခါးမှာတဘက်တစ်ထည်သာရှိသည်။တီရှပ်တစ်ထည်ကို နေက ကောက်စွပ်ရင်း...

"အဆင်ပြေတယ် ဘေဘီ ...နေသား မကျသေးပေမဲ့ ဒီကလူတွေက အင်း..အဆင်ပြေပါတယ်  "

အဘွားဖြစ်သူက သူ့ကိုလိုလေသေးမရှိဂရုစိုက်သလိုဘွားဘွားသားအငယ်ဆုံး ဦးထည်ကလည်း သူနဲ့သိပ်မတည့်ပေမဲ့ သူ့ကိုသံယောဇဉ်ရှိသည်။ဘွားဘွားသားအလတ်ဖြစ်သူကတော့ နေတို့သားအမိဒီအိမ်ကြီးရောက်လာသည်အထိ တစ်ခါမျှမဆုံရသေးပေ။‌ဘွားဘွားက သားသုံးယောက်ရှိသည်ဖြစ်ရာ နေ့အဖေက အကြီးဆုံးသားဖြစ်သည်။

"မောင် အဆင်ပြေရင်ပြီးတာပါပဲ"

"ဟုတ်ပါပြီဗျာ"

နေက ဖုန်းကိုစားပွဲပေါ်ထောင်ထားသည်ဖြစ်ကာ အဝတ်စားလဲရင်း ပြောနေခြင်းဖြစ်သည်။တစ်ဖက်မှ ချမ်းက ညအိပ်ဝတ်စုံလေးဝတ်ဆင်ပြီးဖြစ်ကာ ခုတင်ပေါ်ထိုင်ပြီး လက်ပ်တော့လေးပေါင်ပေါ်တင် ပြောနေခြင်းဖြစ်သည်။နေက ဘောင်းဘီကိုင်ကာ ဝတ်ဟန်ပြင်တော့ ချမ်း မနေတတ်ဖြစ်ကာ မျက်နှာလေးလွှဲသည်။သူ့ရှေ့မှာ အဝတ်လဲနေသည့် မောင် ပုံစံက ချမ်းအတွက်ဆွဲဆောင်မှုရှိနေသည်။ချမ်း မျက်နှာလေးနီလာသည်။ချမ်း အာခေါင်ခြောက်လာသလိုခံစားရသည်မို့ ‌ခုတင်ဘေးတွင် အသင့်ထားသည့်ရေကရားထဲမှ ရေကိုသာခွက်ထဲငှဲ့ကာ သောက်လိုက်သည်။

နေက ချမ်းရှေ့မှာပင် ဘောင်းဘီကို ခြေထိုးဝတ်သည်။ပြီးတာနဲ့ အပေါ်ကတဘက်ကိုဆွဲဖယ်ကာ ဘေးကခြင်းထဲသို့ ပစ်လွှင့်ထည့်သည်။နေ ဝတ်ထားသည့်ဘောင်းဘီက ညဝတ်အအေးသားပွပွဖြစ်ပေမဲ့ boxerမဝတ်ထားသည်မို့ နေ့အငယ်ကောင်က အရာထင်နေသည်။

"အဟွတ်..ဟွတ်!!"

ချမ်း လှည့်ကြည့်လာရင်း မြင်လိုက်ရသည့်အရာကြောင့် သောက်လက်စရေပင်သီးသွားရသည်။

"ဖြည်းဖြည်းသောက်လေကွာ..ဘေဘီကလည်း အဆင်ပြေလား"

"ရတယ်..ရတယ် ကျွန်တော်ဘာမှမဖြစ်ဘူး"

နေက ချမ်း သီးသွားသည့်အကြောင်းအရင်းအားမသိပဲ စိုးရိမ်စွာဆိုသည်။ချမ်း မျက်နှာနီလေးနဲ့ ဘာမှမဖြစ်ကြောင်းခေါင်းယမ်းပြသည်။နေက ချမ်းနည်းတူ ခုတင်ပေါ်တက်ထိုင်ကာ screenပေါ်က ချမ်းမျက်နှာလေးကို သေချာစိုက်ကြည့်လာသည်။နေတို့ ဘွားဘွားတို့အိမ်ပြောင်းလာပြီးကတည်း ချမ်းနဲ့မတွေ့ရသည်မို့  နှစ်ယောက်လုံးလွမ်းနေပြီဖြစ်သည်။ချမ်းက လည်း ချမ်းမာမီတို့အိမ်ရောက်ပြီဖြစ်သည်။

Falling In Love With My Husband.Where stories live. Discover now