အခန်း ၉

15.1K 671 6
                                    

လမင်း ‌ရှေ့က ကော်ဖီခွက်လေး အေးစက်စပြုလာသည်တိုင် ချိန်းဆိုထားသူက မရောက်လာသေးပေ။သို့ပေမဲ့ လမင်း စိတ်မကွက်အားဘဲ အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။‌ဒေါ်မေမီမင်းက ဒီနေ့ သူမကိုတွေ့ဆုံရန် ချိန်းဆိုထားခြင်းဖြစ်သည်။လမင်း ရောက်နေတာ နာရီဝက်နီးပါး ရှိနေပြီဖြစ်သည် ။အစ်ကိုက သူမကိုဒီကော်ဖီဆိုင်ထိလာပို့ပြီးမှ ကိစ်စရှိ၍ပြန်ထွက်သွားခြင်းဖြစ်သည်။အမှန်တော့ ဒေါ်မေမီက သူမကိုတစ်ဦးတည်း သီးသန့်တွေ့ဆုံလိုခြင်း ဖြစ်ဟန်တူသည်။

ထိုစဉ် အနက်ရောက်ကားတစ်စီးက ဆိုင်‌ရှေ့ရပ်လာသည်။ကားပေါ်က ဒါရိုင်ဘာဖြစ်သူက အမြန်ဆင်းကာ နောက်ခန်းတံခါးကို အလျင်အမြန်ဖွင့်ပေးသည်။ကားပေါ်မှ ဒေါ်မေမီက လက်ကိုင်အိတ် လက်မှာ ဆွဲချိတ်ကာ ဆိုင်ထဲသို့ ဝင်လာသည်။ဆိုင်ဝန်ထမ်းလေးတွေက တံခါးကိုဆွဲဖွင့်ပေးကာ အရိုအသေပေးကြသည်။ကောင်တာ ထိုင်နေသော ဆိုင်မန်နေဂျာက ဆိုင်ထဲဝင်လာ‌သော ဒေါ်မေမီကို မြင်သည်နဲ့ ဒေါ်မေမီနားချက်ချင်းရောက်လာကာ...

"သူဌေးကတော် ဘာများသုံးဆောင်ပါမလဲ ခင်ဗျ..ကြွပါ..ကျွန်တော် private room စီစဉ်ပေးရမလားဗျ"

ဒေါ်မေမီက ပြာပြာသလဲဖြစ်နေသော ဆိုင်မန်နေဂျာအား ဂရုမစိုက်ဘဲ ဆိုင်တွင်းသို့ မျက်လုံးအစုံဝေ့ဝဲကြည့်သည်။

"မလိုဘူး..ငါချိန်းထားတာရှိလို့..မင်း ပြောလို့ပြီးပြီဆို ကိုယ့်နေရာကိုယ်ပြန်သွားလို့ရပြီ"

"ဟုတ်ကဲ့..ဟုတ်ကဲ့"

မန်နေဂျာက ဒေါ်မေမီရဲ့ ခပ်တင်းတင်း
မျက်နှာထားကြောင့် အထွန့်မတက်ရဲဘဲ ကိုယ်နေရာကိုယ်ပြန်ရောက်သွားသည်။

ဒေါ်မေမီက ဆံပင်ရှည်တွေ့ဖြန့်ကျထားသော ကျောပြင်တစ်ခုကိုမြင်သည်နဲ့ ထိုဝိုင်းထံရောက်လာသည်။

"မင်းလား..လမင်း ဆိုတာ"

"ဟုတ် ..ဟုတ်ပါတယ် ရှင့် ကျွန်မ လမင်း ပါ"

လမင်းက ထိုင်နေရာမှ ထရပ်ကာဆိုသည်။ဒေါ်မေမီက မျက်နှာချင်းဆိုင်ခုံတွင် ဝင်ထိုင်သည်။လက်ကိုင်အိတ်ကို ဘေးချကာ မျက်နှာထားခပ်တင်းတင်းနဲ့လက်ပိုက်နေရင်း လမင်း ကိုစေ့စေ့ကြည့်သည်။လမင်း နေရာတွင် အသာပြန်ထိုင်လိုက်သည်။

Falling In Love With My Husband.Where stories live. Discover now